DVB Logo
Home
မြန်မာသတင်း
ဥ​ရောပ ​ကော်မရှင်အဖွဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်နှင့်​ ​တွေ့​ဆုံ
DVB
·
February 14, 2012
ဥ​ရောပ ​ကော်မရှင်အဖွဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်နှင့်​ ​တွေ့​ဆုံ
1 / 2
Donate to DVB

မြန်မာနိုင်ငံမှာ ၃ ရက်ကြာ ခရီး​ရောက်ရှိ​နေတဲ့​ ဥ​ရောပ ဖွံ့​ဖြိုး​ရေး​ကော်မရှင်မင်း​ကြီး​ အန်ဒရစ် ပိုင်း​ဘောက်စ့်​ (Andris Piebalg) ဟာ မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည် အပါအဝင် လူမှု​ရေး​အဖွဲ့​အစည်း​တွေနဲ့​ ဒီက​နေ့​ ​တွေ့​ဆုံခဲ့​ပါတယ်။

[caption id="attachment_21228" align="alignleft" width="300" caption="အန်ဒရစ် ပိုင်းဘောက်စ့်​ နှင့်​ ​ဒေါ်အောင်ဆန်းစုကြည်"][/caption]

ကော်မရှင်မင်း​ကြီး​ အန်ဒရစ် ပိုင်း​ဘောက်စ့်​နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်တို့​ ဒီ​နေ့​မနက် ၁၀ နာရီက ​ဒေါ်​အောင်ဆန်း​စုကြည် ​နေအိမ်မှာ သီး​သန့်​တွေ့​ဆုံခဲ့​ပေမယ့်​ အ​သေး​စိတ်ကို​တော့​ သိရှိခြင်း​ မရှိဘူး​လို့​ ခရီး​စဉ်မှာ လိုက်ပါသွား​တဲ့​ အန်ဒရစ် ပိုင်း​ဘောက်စ့်​ရဲ့​ ​ပြောခွင့်​ရ ကတ်သရင်း​ ​ရေး​လ်က ​ပြောပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ လူမှု​ရေး​အဖွဲ့​အစည်း​တွေရဲ့​ အမြင်က မြန်မာနိုင်ငံရဲ့​ အ​ခြေအ​နေ​တွေကို ပိုမိုနား​လည် သ​ဘော​ပေါက်​စေမှာ ဖြစ်တဲ့​အတွက် ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ​တွေ့​ဆုံမှာဖြစ်တယ်လို့​ (အန်ဒရစ် ပိုင်း​ဘောက်စ့်​)က ယမန်​နေ့​ ထုတ်ပြန်ချက်မှာ ​ပြောဆိုထား​ပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ​တွေ့​ဆုံခဲ့​ပြီး​နောက် ဒလမြို့​နယ်မှာ အီး​ယူက ​ငွေ​ကြေး​ထောက်ပံ့​ထား​တဲ့​ စီမံကိန်း​တွေကို သွား​ကြည်ရှုခဲ့​ပြီး​ လူမှု​ရေး​ အဖွဲ့​တွေနဲ့​လည်း​ ဒီ​နေ့​မနက်မှာ ​တွေ့​ဆုံခဲ့​တယ်လို့​ ကတ်သရင်း​ရေး​လ်က ဆိုပါတယ်။

အန်ဒရစ်ပိုင်း​ဘောက်စ့်​နဲ့​ အဖွဲ့​ဟာ မ​နေ့​ကလည်း​ သမ္မတဦး​သိန်း​စိန် ​ခေါင်း​ဆောင်တဲ့​ အစိုး​ရအဖွဲ့​ဝင်​တွေ လွှတ်​တော်အကြီး​အကဲ​တွေနဲ့​ ​နေပြည်​တော်မှာ ​တွေ့​ဆုံခဲ့​ပါတယ်။

ဒီ​တွေ့​ဆုံမှု​တွေမှာ လူ့​အခွင့်​အ​ရေး​၊​ နိုင်ငံ​ရေး​၊​ အကျဉ်း​သား​အ​ရေး​နဲ့​ လွတ်လပ်မျှတတဲ့​ ကြား​ဖြတ် ​ရွေး​ကောက်ပွဲဖြစ်​ရေး​ ​ဆွေး​နွေး​ခဲ့​တယ်လို့​ အန်ဒရစ် ပိုင်း​ဘောက်စ့်​က မီဒီယာ​တွေကို ​ပြောကြား​ခဲ့​ပါတယ်။

ဥ​ရောပ ​ကော်မရှင်က စီး​ပွား​ရေး​နဲ့​ လူမှု​ရေး​ ပြုပြင်​ပြောင်း​လဲမှုများ​ လုပ်​ဆောင်ရန်အတွက် မြန်မာနိုင်ငံကို ယူရို​ငွေ သန်း​ ၁၅၀ ကူညီ​ပေး​မယ့်​ အ​ကြောင်း​လည်း​ ဒီခရီး​စဉ်မှာ ​ကြေညာခဲ့​ပါတယ်။ မကြာ​သေး​ခင်က ဥ​ရောပသမဂ္ဂဟာ မြန်မာအစိုး​ရ ​ခေါင်း​ဆောင်​တွေကို ခရီး​သွား​လာခွင့်​ တား​မြစ်ချက်ကို ဖျက်သိမ်း​ပေး​ခဲ့​ပါတယ်။

အန်ဒရစ် ပိုင်း​ဘောက်စ့်​ ရန်ကုန်​လေဆိပ်မှာ သတင်း​စာရှင်း​လင်း​ပွဲ လုပ်ပြီး​ မြန်မာနိုင်ငံက ဒီက​နေ့​ည​နေ ပြန်လည်ထွက်ခွာမှာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013