DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ဆေးရုံကြီးတွင် ဈေးနှုန်းမျှတသည့် ဆေးဝါးများနှင့် ထမင်း ဟင်း ရောင်းချရန် စီစဉ်
DVB
·
June 12, 2017
ရန်ကုန်ဆေးရုံကြီးတွင် ဈေးနှုန်းမျှတသည့် ဆေးဝါးများနှင့် ထမင်း ဟင်း ရောင်းချရန် စီစဉ်
Donate to DVB

 

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဈေးနှုန်းမျှတတဲ့ဆေးဝါးတွေနဲ့ ထမင်းဟင်းတွေကို ရောင်းချပေးဖို့ စီစဉ်နေတယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုက ပြောပါတယ်။

ကျန်းမာရေနဲ့ အားကစားဝန်ကြီးဌာနလက်အောက်ရှိ ကုသရေးဦးစီးဌာနရဲ့ညွှန်ကြားချက်အရ ရန်ကုန်တိုင်းဒေသကြီးအတွင်းက ဗဟိုအဆင့်ဆေးရုံကြီးတွေမှာ ဆေးဆိုင်တွေ ဖွင့်လှစ် ရောင်းချ ဖို့၊ အာဟာရပြည့်ဝပြီး တန်ဖိုးမျှတတဲ့ စားသောက်ဆိုင်တွေဖွင့်လှစ်ဖို့ စီစဉ်နေတာပါ။

ဆေးဝါတွေ ရောင်းချဖို့ကို ဆေးရုံတွေမှာဖွဲ့စည်းထားတဲ့ ဆေးရုံကြီးကြပ်မှုကော်မတီရဲ့ရန်ပုံငွေနဲ့ လုပ်ဆောင်မှာဖြစ်ပြီး ပုဂ္ဂလိကကိုတင်ဒါချပေးတာ၊ ဆေးရုံဝန်ထမ်းတွေက တဆင့်ရောင်းချတာမျိုး မဟုတ်ဘဲ၊ ကော်မတီကနေ သီးခြားဝန်ထမ်းတွေကို ခေါ်ယူမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဆေးဆိုင်တွေကို ကွန်ပျူတာစနစ်နဲ့ ရောင်းချမှာဖြစ်ပြီး အမြတ်ငွေကို ၁၀ ရာခိုင်းနှုန်းထက်ပိုပြီး ရောင်းချမှာ မဟုတ်ဘူးလို့ ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုက ပြောပါတယ်။

ကျန်မာရေးနဲ့ညီညွှတ်တဲ့ အစာအာဟာရရောင်းချဖို့ကို ဆေးရုံကြီးကြပ်မှုကော်မတီကနေ ဆေးရုံ အတွင်းနေရာဖန်တီးပေးမှာဖြစ်ပြီး စားသောက်ဆိုင်တွေကို ကန်ထရိုက်ပေးလို့ရတယ်လို့ ဆိုပါတယ်။ အဒီလိုရောင်းချရာမှာ ဆေးရုံဝန်ထမ်းတွေအပြင် လူနာနဲ့ လူနာစောင့်တွေပါ စားသုံးနိုင်အောင် သင်တင့်တဲ့ဈေးနှုန်းနဲ့ရောင်းချဖို့၊ အစာအာဟာရနဲ့ ပြည့်စုံဖို့ လိုတယ်ဆိုပါတယ်။

လက်ရှိ ရန်ကုန်ဆေးရုံကြီးမှာရောင်းချနေတဲ့ စားသောက်ဆိုင်တချို့ဟာ ဈေးနှုန်ကြီးမြင့်တာတွေ လည်း ရှိနေပါတယ်။

ရန်ကုန်ဆေးရုံကြီးဟာ ကုတင်၂ထောင်ဆန့်ဖြစ်တာကြောင့် နေ့စဉ်ဆေးရုံတက်ပြီး ကုသသူ ၂၂၀၀ ကနေ ၂၃၀၀ အထိ ရှိနေပါတယ်။

ဒါ့အပြင် ပြင်ပလူနာဌာနကို နေ့စဉ်လာရောက်ပြသသူ ၄၀၀ ကနေ ၆၀၀ ကြား၊အရေးပေါ်ဌာနကို ၃၀၀ ကနေ ၅၀၀ ကြား တက်ရောက်ကုသနေပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013