DVB Logo
Home
မြန်မာသတင်း
ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ လှည်း​ကူး​ခရီး​စဉ် ​ရွေး​ကောက်ပွဲ​ကော်မရှင်က ညှိနှိုင်း​ပေး​သဖြင့်​ အဆင်​ပြေ
DVB
·
February 14, 2012
ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ လှည်း​ကူး​ခရီး​စဉ် ​ရွေး​ကောက်ပွဲ​ကော်မရှင်က ညှိနှိုင်း​ပေး​သဖြင့်​ အဆင်​ပြေ
Donate to DVB

ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ရန်ကုန်တိုင်း​ လှည်း​ကူး​မြို့​ ခရီး​စဉ်မှာ ​ဟော​ပြောမယ့်​ လှည်း​ကူး​မြို့​ လူထုအား​ကစား​ကွင်း​ကို အသုံး​ပြုခွင့်​ ပြန်ရသွား​လို့​ နဂိုစီစဉ်ထား​တဲ့​ အတိုင်း​ပဲ မနက်ဖြန်မှာ ခရီး​ထွက်ဖြစ်မယ်လို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ​ပြောပါတယ်။

လှည်း​ကူး​မြို့​ လူထုအား​ကစား​ကွင်း​မှာ ​ဒေါ်​အောင်ဆန်း​စုကြည်က မိန့်​ခွန်း​ပြောဖို့​ စီစဉ်ထား​တာကို ပြည်​ထောင်စု အား​ကစား​ဝန်ကြီး​ အမိန့်​နဲ့​ ပိတ်လိုက်ပြီး​ နာရီပိုင်း​အတွင်း​မှာ ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင်က ပြန်လည် ညှိနှိုင်း​ပေး​လိုက်တာ​ကြောင့်​ ​ပြေလည်မှု ရသွား​တာပါ။

လှည်း​ကူး​မြို့​နယ်မှာ ကြား​ဖြတ် ​ရွေး​ကောက်ပွဲ ဝင်ပြိုင်မယ့်​ ကိုယ်စား​လှယ်​လောင်း​ ဦး​ဖြိုး​မင်း​သိန်း​ကလည်း​ ​နောက်ဆုံး​အ​ခြေအ​နေကို အခုလို ​ပြောပါတယ်။

“ကျ​နော်တို့​ အဖွဲ့​ချုပ်ဗဟိုကို အ​ကြောင်း​ကြား​တဲ့​ အ​ခြေအ​နေမှာ အဖွဲ့​ချုပ်ဗဟိုက ​နေပြည်​တော်ကို ​ရောက်​နေတဲ့​ ဦး​ဥာဏ်ဝင်း​နဲ့​ ဦး​ဟံသာမြင့်​ကို လှမ်း​ပြီး​ အ​ကြောင်း​ကြား​တဲ့​ အ​ခြေအ​နေမှာ ပြည်​ထောင်စု​ရွေး​ကောက်ပွဲ ​ကော်မရှင်ကို ကျ​နော်တို့​က တိုက်ရိုက် စာတင်ပါတယ်။ တိုက်ရိုက် စာတင်​တော့​ ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ ​ကော်မရှင်က​နေ ဆုံး​ဖြတ်ထား​တဲ့​ အချက်အလက်​တွေကို အုပ်ချုပ်​ရေး​ပိုင်း​က မစွက်ဖက်ဖို့​ဗျာ၊​ အဲဒီအတွက် ​နေရာကို ပြန်ပြီး​ သတ်မှတ်​ပေး​လိုက်ပါတယ်။ ဒါ​ကြောင့်​မို့​ လှည်း​ကူး​အား​ကစား​ကွင်း​မှာပဲ ကျင်း​ပသွား​ပါမယ်။ လူ​တွေက တအား​ ဝမ်း​သာ​နေကြတယ်။”

ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ လှည်း​ကူး​လူထု ​တွေ့​ဆုံပွဲကို အား​ကစား​ကွင်း​မှာလုပ်ဖို့​ ရန်ကုန်တိုင်း​ဒေသကြီး​နဲ့​ ​ရွေး​ကောက်ပွဲ ​ကော်မရှင်က နဂိုကတည်း​က ခွင့်​ပြုထား​အပြီး​မှာ အစီအစဉ်​ပြောင်း​မလို ဖြစ်ခဲ့​ရတာပါ။

အခု​နောက်ဆုံး​ ပြန်လည်အဆင်​ပြေသွား​တဲ့​အ​ကြောင်း​ကို ပါတီဌာနချုပ်က ​ခေါင်း​ဆောင်တဦး​ဖြစ်တဲ့​ ဦး​ဟံသာမြင့်​ကလည်း​ အတည်ပြု ​ပြောဆိုပါတယ်။

ဒါ​ကြောင့်​ နဂို စီစဉ်ထား​တဲ့​အတိုင်း​ပဲ ​နေ့​လယ် ၁၂ နာရီ​လောက်မှာ ​ဒေါ်​အောင်ဆန်း​စုကြည် လှည်း​ကူး​မြို့​ကို ​ရောက်ဖို့​ စီစဉ်ထား​ပြီး​ မွန်း​လွဲ တနာရီ​လောက်မှာ လူထု​ဟော​ပြောပွဲ စတင်နိုင်မယ်လို့​ ​မျှော်လင့်​တဲ့​အ​ကြောင်း​ ဦး​ဖြိုး​မင်း​သိန်း​က ​ပြောပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ အခု လှည်း​ကူး​ခရီး​စဉ် မတိုင်ခင်မှာ တနင်္သာရီတိုင်း​ ထား​ဝယ်ခရီး​၊​ ဧရာဝတီတိုင်း​ ပုသိမ်၊​ ​မြောင်း​မြခရီး​၊​ ရန်ကုန်တိုင်း​ ​ကော့​မှူး​ခရီး​တို့​ကို စည်း​ရုံး​ရေး​ထွက်ခဲ့​ပြီး​ လူသိန်း​ချီ ကြိုဆိုခဲ့​ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013