DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်မှုကြောင့် သေဆုံးသွားခဲ့သည့် သက္ကမလူမျိုးများအတွက် ဆုတောင်းပွဲကျင်းပ
DVB
·
June 12, 2017
အကြမ်းဖက်မှုကြောင့် သေဆုံးသွားခဲ့သည့် သက္ကမလူမျိုးများအတွက် ဆုတောင်းပွဲကျင်းပ
1 / 7
Donate to DVB

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အကြမ်းဖက်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ သက္ကမလူမျိုးတွေအတွက် ရည်စူးပြီး မေတ္တာပို့ ဆုတောင်းပွဲကို ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ထဲက သက္ကမလူမျိုးတွေ စုစည်းကျင်းပခဲ့ပါတယ်။

ဇွန် ၂ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းတောင်တန်းဒေသ၊ ရမ်ဂါမတီခရိုင် ထဲက သက္ကမလူမျိုးတွေနေတဲ့ ကျေးရွာတချို့ မီးရှို့တိုက်ခိုက်ခံရပြီး သေကျေပျက်စီးမှုတွေ ရှိခဲ့တာပါ။

ရခိုင်ပြည်နယ်မှာနေတဲ့ သက္ကမလူမျိုးတွေ စုပေါင်းပြီး သေဆုံးသူတွေအတွက် ရည်စူး ဆုတောင်းမေတ္တာပို့တဲ့ အခမ်းအနားကို ဘူးသီးတောင်မြို့နယ် လောင်းချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ဇွန်လ ၁၀ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

မိကျောင်းခေါင်းဆွဲ၊ ကုန်တန်းကျေးရွာက ဦးသာခိုင်က “ကျနော်တို့ လူမျိုးတွေကို အကြမ်းဖက်သမားတွေက မီးရှို့ပြီးတော့ အမျိုးမျိုးဒုက္ခတွေရောက်နေပါတယ်။ သေလဲ သေကြ တယ်လို့ သတင်းရပါတယ်။ ကျနော်တို့ ၀မ်းနည်းကြေကွဲပြီးတော့ ဆုတောင်းပေးတာ ဖြစ်ပါတယ်။ သူတို့မှာကျရောက်နေတဲ့ဘေးကို လွတ်အောင် ရည်ရွယ်ပြီးတော့ ဆွမ်းကျွေးတာပါ။ အိမ်ခြေ ၂၀၀ လောက်မီးရှို့ခံရတယ်။ ရွာသုံးရွာလောက် သတင်းရပါတယ်။ လောင်းဂဒုနယ်မြေ မှာပေါ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ရမ်ဂါမတီခရိုင်၊ ခါဂရာဆိုရီမြို့နယ်မှာဖြစ်တာပါ။ ကျနော်တို့ လူမျိုးပါ” လို့ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့သူတွေအတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက အမြန်ဆုံးကူညိဖို့၊ မြန်မာနိုင်ငံအစိုးရအနေနဲ့လည်း ဘင်္ဂလားဒေ့ရှ် အစိုးရကို သံတမန်နည်းလမ်းအရ ဆက်သွယ်ကူညီဖို့လည်း အခမ်းအနား တက်ရောက်လာကြတဲ့ ဆက္ကမလူမျိုးတွေက တိုက်တွန်းခဲ့ကြပါတယ်။

လောင်းချောင်းရွာက ဒေါ်တင်တင်အေးက “ကျမတို့လုပ်တဲ့ပွဲက ကျမတို့ လူမျိုးအတွက် ချည်းပဲတော့ မဟုတ်ဘူး။ ဒီနေ့အလှူပွဲက နိုင်ငံရေးလည်း မပါဘူး။ ပါတီလဲမဟုတ်ဘူး။ ဗုဒ္ဓဘာသာ ဖြစ်လို့ ဗုဒ္ဓဘာသာအလှူပွဲဆိုပြီး လုပ်တာ။ ရှေ့ဆက်ပြီး ဘယ်လူမျိုးပဲဖြစ်ဖြစ် အခက်အခဲ နဲ့ မကြုံရအောင် မနေရအောင် အေးအေးချမ်းချမ်း နေရအောင်လို့ မေတ္တာရပ်ခံပါတယ်” လို့ပြောပါတယ်။

သက္ကမလူမျိုးတွေဟာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲမှာ နေထိုင်ကြပြီး မြန်မာနိုင်ငံမှာတော့ ဒိုင်းနက်လူမျိုးအဖြစ် သတ်မှတ်ခံထားရတာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဇွန်လ အစောပိုင်းက ဖြစ်ခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေကြောင့် အိမ်ခြေ ၃၀၀ ကျော်မီးလောင်ပျက်စီးခဲ့ပြီး လူ ၄ ဦးသေဆုံးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် သတင်းစာတွေက ရေးသားကြပါတယ်။

ရခိုင်ပြည်နယ်ထဲက လူမှုအဖွဲ့အစည်း ၁၆ ဖွဲ့၊ ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီတို့ကလည်း ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်ထားပြီး တဖက်နိုင်ငံရောက်ရှိနေတဲ့ မျိုးနွယ်တူ လူနည်းစုတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို စောင့်ရှောက်ပေးဖို့ အစိုးကကို တောင်းဆိုထားပါတယ်။  

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013