
ပဲစင်းငုံ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ ပဲစင်းငုံက ၁ တန်ကို ငွေကျပ် ၃၂,၀၀၀ ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ တန်ကို ၆၇၃,၀၀၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ၁ ပိဿာကို ၃၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ ပိဿာကို ငွေကျပ် ၂၃၀၀ ပေါက်ဈေးရှိနေပါတယ်။
ပဲကြီး
ပဲကြီးက ဒီနေ့မှာ ၁ ပိဿာကို ၈၅ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ ပိဿာကို ငွေကျပ် ၂,၉၂၅ ပေါက်ဈေးရှိနေပါတယ်။
ပြောင်းဆံ
ပြောင်းဆံကတော့ ဒီနေ့မှာ ၁ ပိဿာကို ငွေကျပ် ၄၄၅ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၁၀ ကျပ် ဈေးတက်လာပါတယ်။
ကြက်သွန်နီ(ဆိပ်ဖြူ)
ကြက်သွန်နီ(ဆိပ်ဖြူ)အမျိုးအစားက ဒီနေ့မှာ ၁ ပိဿာကို ၇၅ ကျပ် ဈေးတက်လပြီး ဒီနေ့ ပေါက်ဈေးကတော့ ၁ ပိဿာကို ငွေကျပ် ၁,၁၅၀ ပေါက်ဈေးရှိနေပါတယ်။
ပဲပုတ်(ရှမ်း)
မန္တလေးကုန်စည်ဒိုင်မှာတော့ ပဲပုတ်(ရှမ်း)က ၁ အိတ်ကို ငွေကျပ် ၆၃,၀၀၀ ပေါက်ဈေး ရှိနေပြီး ၁ အိတ်ကို ၃၀၀၀ ကျပ် ဈေးတက်လာပါတယ်။
နှမ်းနက်(စမုံ)
နှမ်းနက်(စမုံ)ကတော့ ဒီနေ့မှာ ၁ အိတ်ကို ၁၀၀၀ ကျပ် ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးကတော့ ၁ အိတ်ကို ငွေကျပ် ၁၁၈,၀၀၀ ပေါက်ဈေးရှိနေပါတယ်။
ပန်းနှမ်း
ပန်းနှမ်းကတော့ ဒီနေ့မှာ ၁ အိတ်ကို ငွေကျပ် ၆၉,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၁၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း- AMIA











