DVB Logo
Home
မြန်မာသတင်း
စစ်တွေတွင် စိတ်ကြွမူးယစ်ဆေး ကျပ်သိန်းပေါင်း ၁ သောင်း ၂ ထောင်ကျော် ဖမ်းမိ
DVB
·
June 12, 2017
စစ်တွေတွင် စိတ်ကြွမူးယစ်ဆေး ကျပ်သိန်းပေါင်း ၁ သောင်း ၂ ထောင်ကျော် ဖမ်းမိ
Donate to DVB

 

ရခိုင်ပြည်နယ် စစ်တွေမြို့ ရေချမ်းပြင်ဆိပ်ကမ်း မောင်တောသွားမယ့်ကားတစီးမှာ ဇွန်လ ၁၁ ရက် နေ့လယ် ၁ နာရီဝန်းကျင်က WY မူးယစ်ဆေးပြားပေါင်း ၃၄ သိန်း၊ ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၁ သောင်း ၂ ထောင်ကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်တွေမြို့မရဲစခန်းက ပြောပါတယ်။

ဦးအောင်စောသန်း (အသက် ၅၃နှစ်) မောင်းလာတဲ့ ကားဝမ်းဗိုက်ထဲမှာ WY စာတမ်းပါပန်း ရောင်စိတက်ကြွဆေး ၃၄၀ ဆေးပြားအရေအတွက် ၃၂ သိန်းကို ဖမ်းဆီးရှိခဲ့တာလို့ စစ်တွေမြို့မရဲစခန်းက အမည်မလိုသူရဲအရာရှိ တဦးက ဒီဗွီဘီကိုပြောပါတယ်။

“စစ်တွေ ရေချမ်းပြင်ဆိပ်ကမ်း မောင်တောသွားတဲ့ ဆိပ်ကမ်းပေါ့။ အဲ့ဒီမှာ မောင်တောသွားမယ့် ကားကို မသင်္ကာလို့ စစ်ဆေးတဲ့ အချိန်မှာကားပေါ်မှာဖမ်းမိတာပါ။ WY ဆေးပြား အရေအတွက် ၃၂ သိန်းအားလုံးပေါ့။ အထုတ် ပေါင်း၃၄၀။ ၁သောင်းအထုတ်တွေပေါ့။ ဆေးပြားရဲ့ ကာလတန်ဖို့က ငွေကျပ်သိန်းပေါင်း ၁ သောင်း ၂ ထောင် တန်ဖိုးရှိပါတယ်။”

ကွင်းဆက်အနေနဲ့ တရားခံတွေကို ဖမ်းဆီးရရှိရေး ဆက်လက်စုံစမ်းစစ်ဆေးနေပြီး ယာဉ်မောင်း ဖြစ်သူက အဲ့ဒီ မူးယစ်ဆေးပြားတွေကို ကားဝမ်းဗိုက်အောက် ၁ ပေ ဝန်းကျင်အနက်မှာ အံခွက်ပုံတွေပြုလုပ်ပြီး ယူဆောင်လာတာလို့ ရဲအရာရှိက ဆက်လက်ပြောပါတယ်။

“ကျနော်တို့ ဖမ်းဆီးမိတာက ကားသမားတယောက်ပါတယ်။ သူ့ရဲ့ထွက်ဆိုချက်က ပုဏ္ဏားကျွန်းကနေ မောင်တောကို ပို့ခိုင်းတာလို့ ပြောတယ်။ မောင်တောပို့မယ့် ဖုန်းနံပါတ်တွေကို ပေးလိုက်တယ်လို့ ပြောတယ်။ မောင်တော်ဘက် ပို့ခိုင်းတဲ့သူကိုတော့ မမိသေးဘူး။ လက်ရှိကားသမားကိုတော့ ကျနော်တို့ ဖမ်းဆီးထားပါတယ်။ မောင်တော်က နှစ်ယောက်ကိုတော့ ဖမ်းဆီးရရှိဖို့ စုံးစမ်းနေပါတယ်။”

မူးယစ်စိတ်ကြွဆေးပြား ဖမ်းဆီးရှိခဲ့တာနဲ့ပတ်သတ်လို့ စစ်တွေမြို့မရဲစခန်းက မယ(ပ)(၂၉/၂၀၁၇) မူ/စိတ်/ ပြောင်း ပုဒ်မ (၁၅/၁၉(က)/၂၀(က)/၂၁ အရအမူဖွင့်ဆောင်ရွက်နေတယ်လို့ စစ်တွေမြို့မရဲစခန်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013