DVB Logo
Home
မြန်မာသတင်း
ကျောက်​မဲတွင်​ လက်​ဖက်​ခြံရှင်းရာမှ မိုင်း​ပေါက်​ကွဲ၊ မိန်းကလေး ၁ ​ဦး ဒဏ်​ရာရ
DVB
·
June 12, 2017
ကျောက်​မဲတွင်​ လက်​ဖက်​ခြံရှင်းရာမှ မိုင်း​ပေါက်​ကွဲ၊ မိန်းကလေး ၁ ​ဦး ဒဏ်​ရာရ
Donate to DVB

 

ရှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းလုံကျေးရွာအုပ်စု ကော်ပေါက်ကျေးရွာမှာ ဇွန် ၁၀ ရက်နေ့ နေ့လယ် ၁ နာရီလောက်မှာ လက်ဖက်ခြံရှင်းရာမှ မိုင်းတလုံးပေါက်ကွဲခဲ့ပြီး လက်ဖက်ခြံရှင်းတဲ့ အသက် ၁၇ နှစ်အရွယ် မိန်းကလေးတဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ကော်ပေါင်ရွာဒေသခံတဦးက "သူတို့သွားတာက ၁၅ ယောက်ရှိတယ်။ နေ့စား တနေ့ ၂၀၀၀ ရတယ်လေ။ အဲတာကို လက်ဖက်ခြံထဲမှာ သူတို့ တန်းစီပြီးတော့ တလံကျော်လောက်အကွာကို လက်ဖက်ခြံရှင်းကြတာပေါ့။ ထမင်းစားနား နေ့လယ် ၁ နာရီခွဲပြန်စရှင်းတော့ အဲမှာ နင်းမိပြီးတော့ ပေါက်ကွဲတာပဲ။ အဲတာကို အငဲဆိုတဲ့ ကောင်မလေးတယောက်ကို ထိသွားတယ်" လို့ ပြောပါတယ်။

ထိခိုက်ဒဏ်ရာ ရရှိပြီး မြန်မာ့တပ်မတော် ခလရ ၁၁၅ မှ ထိခိုက်ဒဏ်ရာရသူကို ဆေး ၂ လုံး ထိုးပေးခဲ့ပြီး ကျောက်မဲဆေးရုံကို ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

အောင်မင်္ဂလာ ကျန်းမာရေး စောင့်ရှောက်မှု ပရဟိတအသင်းမှ ကိုကျော်ကျော်ဦးက "မိုင်းစ ကတော့ နဖူးထဲမှာ ကျန်နေတယ်။ အဲတာက ဒီကျောက်မဲမှာ လုပ်လို့မရတော့ မန္တလေးဆေးရုံ ပိုပြီးတော့ ခွဲထုတ်ရမယ်ဆိုလို့ မန္တလေးဆေးရုံကို ပို့လိုက်တယ်။ ထိတာတော့ အဲမျက်ခုံးပဲ ပြင်းထန်မှုရှိတယ်လို့တော့ ပြောလို့ရတယ်။ သေတာတော့ မသေနိုင်ဘူး။ မျက်လုံးတော့ ဖွင့် မရဘူးလေ။ အဲရွာဘက်တော့ အခုဖြစ်လေ့ဖြစ်ထ မရှိဘူး။ ခုမှဖြစ်တာ။ ကျနော်တို့အဖွဲ့က သူ့ဆေးဖိုးအတွက် ၅ သောင်းလှူဖြစ်လိုက်တယ်" လို့ပြောပါတယ်။

ကော်ပေါင်ကျေးရွာဘက်မှာ တအာင်းအဖွဲ့ (တီအန်အယ်လ်အေ)၊ ရှမ်းတောင်အဖွဲ့ (အာစီအက်စ်အက်စ်)နဲ့ မြန်မာ့ တပ်မတော်တို့ လှုပ်ရှားတဲ့ ဒေသဖြစ်ပါတယ်။

သတင်း - နိုင်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013