Home
မြန်မာသတင်း
မန္တလာမင်း Express ကား ယာဉ်တိုက်မှုဖြစ်၊ ၂ ဦးသေဆုံး
အောင်ကိုကိုလတ် (နေပြည်တော်)
·
June 12, 2017
19059183_439691793072116_985267279601133130_n
19030676_439691806405448_8550184038121378010_n
19030646_439691796405449_324004226849246696_n
  မန္တလာမင်း ခရီးသည်တင်ယာဉ်နဲ့ အလုပ်သမားတွေ တင်ဆောင်လာတဲ့ ဖောကားနဲ့ နေပြည်တော်မှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့လို့  အလုပ်သမား ၂ ဦးသေဆုံးခဲ့ပါတယ်။ ဇွန် ၁၂ ရက်မနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ် ဒက္ခိဏသီရိရပ်ကွက် မိုးသောက်ပန်းလမ်းအတိုင်း ရွှေအင်ကြင်း ရပ်ကွက်ဘက်ကနေ ဒက္ခိဏသီရိရပ်ကွက်ဘက်ကို မောင်းနှင်လာတဲ့ မန္တလာမင်း Express ခရီးသည်တင်ယာဉ်နဲ့ အာသာဝတီလမ်းအတိုင်း မောင်းနှင်လာတဲ့ ဖောကား ၀င်ရောက် တိုက်မိခဲ့တာပါ။ ကြုံရာကျပန်း အလုပ်သမား ၃၀ ကျော် တင်ဆောင်လာတဲ့ ဖောကားမှာ လွှင့်စင်တိမ်းမှောက်ခဲ့ပြီး ခရီးသည်တင်ယာဉ်ကတော့ ဦးခေါင်းပိုင်း ပျက်စီးမှုဖြစ်ပွားခဲ့ပါတယ်။ ဖောကားပေါ်ပါလာတဲ့ အလုပ်သမား ၃၀ ထဲက ၂ ဦးသေဆုံးပြီး ကျန်ထိခိုက် ဒဏ်ရာရရှိသူတွေကို နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံနဲ့ နီးစပ်ရာ လယ်ဝေး ကုတင် ၁၀၀ ဆေးရုံတွေမှာ ဆေးကုသမှုခံယူနေရပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024