DVB Logo
Home
မြန်မာသတင်း
ရပ်ကွက်နေပြည်သူများ လက်မခံသဖြင့် ကျူးကျော်စမတ်ကတ်ထုတ်ပေးမှုရပ်ဆိုင်း
DVB
·
June 12, 2017
ရပ်ကွက်နေပြည်သူများ လက်မခံသဖြင့် ကျူးကျော်စမတ်ကတ်ထုတ်ပေးမှုရပ်ဆိုင်း
1 / 6
Donate to DVB

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရပ်ကွက် ၃ ခုမှာရှိတဲ့ နှစ်ပေါင်း ၆၀ကျော် နေထိုင်ခဲ့သူတွေကို တိုင်းဒေသကြီးက ဒီကနေ့ ကျူးကျော်စမတ်ကတ်တွေထုတ်ပေးရာမှာ ရပ်ကွက်နေပြည်သူတွေက လက်မခံတာကြောင့် စမတ်ကတ်ထုတ်ပေးတာကို ရပ်ဆိုင်းလိုက်ရပါတယ်။

တိုင်းဒေသကြီးအစိုးရအဖွဲ့က ကျူးကျော်လို့ သတ်မှတ်ခဲ့သူတွေဟာ သူဋ္ဌေးတဦးပိုင် မြေပေါ်မှာ နှစ်ပေါင်း ၆၀ကျော် နေထိုင်ခဲ့တာကြောင့် ကျူးကျော်လို့ လက်မခံတာဖြစ်ပါတယ်။

ဗဟန်းမြို့နယ်ထဲက ရပ်ကွက် ၃ခုရှိ ကျူးကျော်လို့ သတ်မှတ်ခဲ့တဲ့ အိမ်ခြေပေါင်း ၄၀၀ နီးပါးရှိပြီး ဒီနေ့ ကျူးကျော်စမတ်ကတ် ထုတ်ပေးတဲ့ နေရာကို ပိုင်ရှင်သူဌေးရောက်ရှိလာပြီး ရပ်ကွက်နေပြည်သူတွေကို စိတ်မပူကြဖို့ပြောသွားပါတယ်။
သတင်း၊ ဓာတ်ပုံ = ပြည့်ဘုန်းအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013