DVB Logo
Home
မြန်မာသတင်း
မဟန ဆုံးဖြတ်ချက်ကို လိုက်နာမည်မဟုတ်ကြောင်း ကရင်ပြည်နယ် မဘသ ကြေညာ
DVB
·
June 12, 2017
Donate to DVB

နိုင်ငံတော်သံဃမဟာနာယကရဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့ မဘသ အမည်ပိတ်ပင်တာကို လိုက်နာမှာ မဟုတ်ပဲ ဆက်အသုံးပြုသွားမယ်လို့  မဘသရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဆရာတော် ဦးဆောင်တဲ့  ကရင်ပြည်နယ်မဘသ အဖွဲ့က ဇွန် ၁၁ ရက်နေ့က ကြေညာပါတယ်။

ဘားအံမြို့၊ မဲဘောင်ကျောင်းတိုက်မှာ လုပ်တဲ့ မဘသ (ဗဟို) ရဲ့ အထူးသတိပေးရှင်းလင်းချက်တွေကို ကရင်ပြည်နယ် မဘသ အဖွဲ့ဝင်တွေကို ထပ်ဆင့် ရှင်းလင်းပွဲကနေ ထုတ်ပြန်လိုက်တာပါ။

“အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး (မဘသ) အဖွဲ့ကြီးဟာ နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ရဲ့ သံဃာ့စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ဆန့်ကျင်ညီညွတ်ခြင်း မရှိတာ၊ ၂၀၀၈ ဖွဲ့စည်းပုံ  အခြေခံဥပဒေ၊ ၂၀၁၄ ခုနှစ် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေတို့နဲ့ ညီညွတ်နေတာကြောင့် လက်ရှိ မဘသအမည်ကို ကရင်ပြည်နယ် မဘသ က ဆက်လက်အသုံးပြုသွားမည်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးတော့ “ကရင်ပြည်နယ် မဘသ အဖွဲ့ဟာ ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်း (ဗဟို) ဥက္ကဋ္ဌ ဆရာတော်ရဲ့ သြ၀ါဒ လမ်းညွှန်ချက်တွေအတိုင်း လိုက်နာဆောင်ရွက်သွားမည်” လို့လည်း ဖော်ပြထားပါတယ်။

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ကို ရှေ့ဆက်ပြီး ဗုဒ္ဓ ဓမ္မပရဟိတ ဖောင်ဒေးရှင်းအမည်ပြောင်းလဲပြီး ဆက်လက်ရပ်တည်လုပ်ဆောင်သွားဖို့ အင်းစိန် အောင်ဆန်းတောရကျောင်းမှာ မေ ၂၇ ရက်မှ ၂၈ ရက်ထိ  ၂ ရက်တာ ကျင်းပတဲ့ မဘသ ဗဟိုရဲ့ အထူးအသိပေးရှင်းလင်းပွဲမှာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ကတော့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့အမည်ကို တဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေသုံးပြီးတော့ ဘယ်အလုပ်ကိုမှ မဆောင်ရွက်ဖို့၊ မဘသ အမည်နဲ့ စိုက်ထူထားတဲ့ ဆိုင်းဘုတ်တွေကို ဇူလိုင် ၁၇ ရက်နေ့ နောက်ဆုံးထား ဖြုတ်ချဖို့ စတဲ့ အချက် ၄ ချက်ပါ ထုတ်ပြန်ချက်ကို မေလ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။

ဒါ့အပြင် ဒီညွှန်ကြားချက်တွေ မလိုက်နာသူတွေကို ပြည်ထဲရေးဝန်ကြီးဌာန အနေနဲ့ အမြန်ဆုံး အရေးယူဖို့လည်း မဟနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ - ဒေါက်တာအရှင်သောပါက

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013