DVB Logo
Home
မြန်မာသတင်း
ငြိမ်း​ချမ်း​ရေး​လှုပ်ရှား​မှု အမျိုး​သမီး​အဖွဲ့​ချုပ် စတင်
DVB
·
February 14, 2012
ငြိမ်း​ချမ်း​ရေး​လှုပ်ရှား​မှု အမျိုး​သမီး​အဖွဲ့​ချုပ် စတင်
Donate to DVB

မြန်မာပြည်ငြိမ်း​ချမ်း​ရေး​အတွက် ရည်ရွယ်တဲ့​ လက်မှတ်​ရေး​ထိုး​ ​တောင်း​ဆိုတဲ့​ လှုပ်ရှား​မှု တခုကို (WLB) အမျိုး​သမီး​များ​အဖွဲ့​ချုပ် မြန်မာနိုင်ငံက ဒီက​နေ့​ စတင် ပြုလုပ်လိုက်ပါတယ်။

မြန်မာအမျိုး​သမီး​နဲ့​က​လေး​တွေရဲ့​ ဘဝ​တွေ လုံခြုံ​အေး​ချမ်း​စေဖို့​ ရည်ရွယ်ချက်နဲ့​ ဒီလှုပ်ရှား​မှုကို စလုပ်ရတာလို့​ WLB အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်တင်တင်ညိုက ​ပြောပါတယ်။

“အဓိက​တော့​ ကျမတို့​အမျိုး​သမီး​တွေ ရှိတဲ့​နေရာတိုင်း​မှာ စစ်ပွဲ​တွေ ဖြစ်​နေတဲ့​အခါကျ​တော့​ ဒီအမျိုး​သမီး​တွေက အကြမ်း​ဖက်မှု ​ပေါင်း​စုံကို ခံ​နေရတာ​တွေ ရှိတယ်။ ​ပြေး​လွှား​ ပုန်း​အောင်း​နေရတယ်။ ဒီလိုအ​နေအထား​တွေက​နေ အမျိုး​သမီး​တွေကို လွတ်​မြောက်​စေချင်တယ်။ ပြီး​တော့​ အမျိုး​သမီး​တွေ ကိုယ်တိုင်က စစ်ပွဲ​တွေကို အရမ်း​မုန်း​လှပြီ ဆိုတာမျိုး​တွေ ကျမတို့​တွေ ​ပြောဆိုခဲ့​တာ ရှိတာ​ပေါ့​။ စစ်ပွဲ​တွေကို အမြန်ဆုံး​ ရပ်​စေချင်တယ်။ တပြိုင်နက်တည်း​မှာပဲ သူတို့​ရဲ့​ ​တွေ့​ဆုံ ​ဆွေး​နွေး​မှု​တွေက တကယ်ပဲ စစ်ပွဲ​တွေကို ရပ်တဲ့​အထိ၊​ တကယ့်​ကို တိုင်း​ပြည်မှာ ​အေး​အေး​ချမ်း​ချမ်း​ ဖြစ်လာတဲ့​အထိကို လုပ်​ဆောင်သွား​နိုင်မယ့်​ အ​နေအထား​တခု ဖြစ်​စေချင်ကြတယ်။ ကျမတို့​က အဲဒါကို တိုက်တွန်း​ချင်တာ​ပေါ့​။ စစ်ပွဲ​တွေ ရပ်​စေချင်ပြီး​။ ကျမတို့​ အမျိုး​သမီး​တွေ၊​ က​လေး​တွေကို ​အေး​အေး​ချမ်း​ချမ်း​နဲ့​ ​နေ​စေချင်ပြီး​။ သူတို့​ရဲ့​အိမ်ကို လုံခြုံတဲ့​အိမ်၊​ လုံခြုံတဲ့​အသိုင်း​အဝန်း​မှာ ​နေ​စေချင်တဲ့​ ဆန္ဒ​တွေနဲ့​ ဒီလှုပ်ရှား​မှု တခုကို စတင် ​ဖော်​ဆောင်တာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့​ ငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်နိုင်​ရေး​အတွက် တနိုင်ငံလုံး​ အတိုင်း​အတာနဲ့​ အပစ်အခတ်ရပ်စဲ​ရေး​ ​ကြေညာနိုင်ဖို့​ သက်ဆိုင်သူ​တွေ အား​လုံး​က အ​ကောင်အထည်​ဖော် ​ဆောင်ရွက်သွား​ကြဖို့​လည်း​ အမျိုး​သမီး​များ​အဖွဲ့​ချုပ်က ​ကြေညာချက် ထုတ်ပြန် တိုက်တွန်း​ထား​ပါတယ်။

လက်နက်ကိုင် ပြည်တွင်း​စစ် ပဋိပက္ခ​တွေ အကြား​ ဆိုး​ကျိုး​တွေ အဓိကခံစား​ရသူ​တွေက အမျိုး​သမီး​နဲ့​ က​လေး​ငယ်​တွေ ဖြစ်တဲ့​အတွက် ပဋိပက္ခ​တွေ ​ပြေလည်​စေ​ရေး​အတွက် ပြုလုပ်တဲ့​ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ပွဲ အဆင့်​တိုင်း​မှာ အမျိုး​သမီး​တွေကို ပါဝင်ခွင့်​ပေး​ဖို့​လည်း​ WLB က ​တောင်း​ဆိုပါတယ်။

ဒီက​နေ့​စတင်တဲ့​ လက်မှတ်​ရေး​ထိုး​ လှုပ်ရှား​မှုက​နေ စု​ဆောင်း​ရရှိထား​တဲ့​ လက်မှတ်​တွေနဲ့​ ​တောင်း​ဆိုချက်​တွေကို ဦး​သိန်း​စိန် အစိုး​ရ၊​ တပ်မ​တော်၊​ တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​တွေနဲ့​ ဒီမိုက​ရေစီအင်အား​စု​တွေဆီ ​ပေး​ပို့​သွား​မှာ ဖြစ်တယ်လို့​သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013