DVB Logo
Home
မြန်မာသတင်း
လှည်းကူးမြို့နယ်က ကျူးကျော်များကို စတင်ဖယ်ရှားရှင်းလင်း (ရုပ်သံ)
DVB
·
June 12, 2017
Donate to DVB


 

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်မှာ ဒီနေ့မနက်ပိုင်း ရဲတပ်ဖွဲ့ဝင်တွေအပါဝင် တာဝန်ရှိသူတွေက ကျူးကျော်တွေကို စတင်ဖယ်ရှားရှင်းလင်းနေပါတယ်။

ကျူးကျော်တဲတွေကို ဖယ်ရှားရှင်းလင်းရာမှာ ရဲအင်အားက ၂၀၀ ၀န်းကျင်၊ လူအင်အားက ၁၀၀၀ ၀န်းကျင်ရှိပြီး အုပ်စုဆယ်စုဖွဲ့ထားကာ တအုပ်စုမှာ ရဲအနည်းဆုံး ၁၀ ယောက်ဦးစီးပြီး အရပ်သားက ၁၀၀ ၀န်းကျင်ပါတယ်လို့ အဲနေရာမှာ ရောက်နေတဲ့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၇ ရက်က လှည်းကူးမြို့နယ် ထွေအုပ်ရုံးမှာ ကျေးရွာသားတွေကို ခေါ်ယူပြီး လာမယ့် ၁၂ ရက်နေ့ အပြီးတိုင်ဖယ်ရှားပေးရမယ်လို့ ပြောခဲ့တာဖြစ်ကြောင်း၊ ဒါပေမယ့် မိုးရာသီဖြစ်လို့ ပြောင်းရွှေ့ဖို့ အဆင်မပြေသေးကြောင်း ရတနာအောင်ရွာကို စတည်ခဲ့တဲ့ ဦးပြုံးချိုကပြောပါတယ်။

စခန်းကြီး ကျေးရွာအုပ်စုထဲမှာ ရတနာအောင်၊ အောင်ရတနာ၊ အောင်သုခ၊ စိမ်လန်းစိုပြည်၊ ကံ့ကော်ကျွန်း ဆိုတဲ့ ကျူးကျော်ရွာ ၅ ရွာကို ၂၀၁၅ ခုနှစ်ကုန်ပိုင်းက စတည်လာခဲ့တာဖြစ်ပြီး လက်ရှိမှာ အိမ်ခြေ ၅ ထောင် ဝန်းကျင်လောက် ဖြစ်နေပါတယ်။

အဲဒီမှာ နေထုင်ကြသူတွေဟာ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်နဲ့ မန္တလေးတိုင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။ လှည်းကူးမှာရှိတဲ့ ကျူးကျော်ရွာနဲ့ အိမ်တွေကို ၂၀၁၅ ခုနှစ်တုန်းကလည်း ဖယ်ရှားဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013