
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးတောင်ပိုင်းရပ်ကွက်က ကဏန်းဒိုင်မှာ ဇွန်လ ၁၀ ရက်နေ့မနက်ပိုင်း မီးလောင်မှုကြောင့် သိန်း ၄၀ ကျော်ဖိုး ရှုံးသွားတယ်လို့ ကမ်းထောင်းကြီး မြို့မရဲစခန်းက ပြောပါတယ်။
ကဏန်းဒိုင်မှာ အလုပ်လုပ်နေတဲ့ ချစ်ကိုကိုဟာ မီးစက်နိုးထားရကနေ အိပ်ပျော်သွားစဉ် ဝါယာရှော့ ဖြစ်တာလို့ ကမ်းထောင်းကြီးမြို့မရဲစခန်းက ဒီဗွီဘီကိုပြောပါတယ်။
“ဝါယာရှော့ဖြစ်ရာကနေ မီးလောင်တာပါ။ မနေ့ မနက်က ၃ နာရီလောက်မှာဖြစ်တာ။ အလုပ်သမားချစ်ကိုကို ကျနော်တို့ မြို့မရဲစခန်းက အရေးထားတယ်။”
မီးလောင်မှုကြောင့် ကဏန်းဒိုင် အဆောက်အဦ ၂ လုံးအပါအဝင် အိမ်ဆောက်ဖို့ စုပေါင်းထားတဲ့ သစ်တွေမီးထဲပါသွားပြီး ကာလတန်ဖိုး သိန်း ၄,၁၅၁,၀၀၀ ဆုံးရှုံးသွားတာပါ။
ကမ်းထောင်းကြီးမြို့ မီးသတ်ဌာနတွေနဲ့ ရပ်ကွက်သားတွေက ဝိုင်းဝန်းမီးငြှိမ်းသွားပါတယ်။ အလုပ်သမားချစ်ကိုကို ကို ကမ်းထောင်းမြို့မရဲစခန်းက (ပ)၂၈/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ၂၈၅ နဲ့ အမှုဖွင့် ဆောင်ရွက်နေတယ်လို့ ကမ်းထောင်းကြီးမြို့မရဲစခန်းက ပြောပါတယ်။
ဝဏ္ဏခွာညို၊ ဓာတ်ပုံ - ဝေလင်း











