DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်အဖြစ် သရုပ်​ဆောင်ချင်သူများ​ ​လျှောက်ထား​နိုင်ပြီ
DVB
·
February 14, 2012
ဗိုလ်ချုပ်အဖြစ် သရုပ်​ဆောင်ချင်သူများ​ ​လျှောက်ထား​နိုင်ပြီ
1 / 2
Donate to DVB

ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ဦး​ဆောင်မှုနဲ့​ ရိုက်ကူး​ဖို့​ စီစဉ်​နေတဲ့​ ဗိုလ်ချုပ်​အောင်ဆန်း​ အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကား​မှာ ဗိုလ်ချုပ်​အောင်ဆန်း​အဖြစ် သရုပ်​ဆောင်လိုတဲ့​ သရုပ်​ဆောင်သစ်​တွေ စတင်​လျှောက်ထား​နိုင်ပြီလို့​ ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်​မြောက်​ရေး​ အဖွဲ့​က ​ပြောပါတယ်။

လျှောက်ထား​မယ့်​သူဟာ အသက် ၂၀ နဲ့​ ၃ဝ အကြား​ မြန်မာနိုင်ငံသား​ ဘယ်သူမဆို ​လျှောက်ထား​နိုင်ပြီး​ ပါဝင် သရုပ်​ဆောင်လိုတဲ့​ အဓိက အ​ကြောင်း​အရင်း​ကို စာ​ကြောင်း​ ၁၀ ​ကြောင်း​မှ ၃၀ အထိ ​ရေး​သား​ကာ သတ်မှတ်ထား​တဲ့​ ​လျှောက်လွှာပုံစံဖြည့်​ပြီး​ ဓာတ်ပုံ​တွေနဲ့​တကွ ​လျှောက်ထား​နိုင်တယ်လို့​သိရပါတယ်။

ဗိုလ်ချုပ်​အောင်ဆန်း​နဲ့​ရုပ်တူသူကို အဓိကထား​ ​ရွေး​ချယ်မှာဖြစ်တယ်လို့​ ရုပ်ရှင်ဖြစ်​မြောက်​ရေး​အဖွဲ့​ဝင် ဒါရိုက်တာ ကြည်ဖြူသျှင်က ​ပြောပါတယ်။

“ဗိုလ်ချုပ်နဲ့​ အတူဆုံး​လူကို ​ရွေး​မှာပါ၊​ အဓိကက​တော့​ ရုပ်ကို ပထမအဆင့်​ ​ရွေး​မှာပါ၊​ ဒုတိယအ​နေနဲ့​ စိတ်ဓာတ်​ပေါ့​လေ။ ဗိုလ်ချုပ်နဲ့​ စိတ်ဓာတ်က​တော့​ ဘယ်သူမှ ချွတ်စွပ် မတူနိုင်ပါဘူး​။ အနီး​စပ်ဆုံး​ပေါ့​လေ။ ခံနိုင်ရည်ရှိတဲ့​ စိတ်ဓာတ်မျိုး​၊​ ​ပြောမယ်ဆိုရင်​တော့​ သူ့​ကို ဗိုလ်ချုပ်ရဲ့​ ကိုယ်ပွား​ တ​ယောက်အ​နေနဲ့​မွေး​လို့​ရမယ်။ ဗိုလ်ချုပ်ရဲ့​ စိတ်ဓာတ်​တွေ ကိန်း​အောင်း​လာ​အောင်လို့​သွင်း​လို့​ရမယ်ဆိုရင်​တော့​ အဲ့​လိုလူမျိုး​ကို ​နောက်ဆုံး​ ​ရွေး​မှာပါ။”

ရိုက်ကူး​မယ့်​ အချိန်ကာလကြာမှာ ဖြစ်တဲ့​အတွက် အတိမ်း​အ​စောင်း​ မခံရ​လေ​အောင် သရုပ်​ဆောင် ၃ ​ယောက် ​ရွေး​ချယ်မှာ ဖြစ်တယ်လို့​ ​ပြောပါတယ်။ ဗိုလ်ချုပ်​အောင်ဆန်း​နေရာမှာ သရုပ်​ဆောင်မယ့်​သူ ​ရွေး​ချယ်ပြီး​ပါက ဗိုလ်ချုပ်ရဲ့​ ဇနီး​ ​ဒေါ်ခင်ကြည်​နေရာမှာ သရုပ်​ဆောင်မယ့်​ သူကို မျက်နှာသစ်ထဲက ​ရွေး​ချယ်မှာပါ။ ကျန်တဲ့​ ဇာတ်​ကောင်​တွေ ​နေရာမှာ​တော့​ ရုပ်ရှင် အနုပညာ​လောကထဲက သရုပ်​ဆောင်​တွေက သရုပ်​ဆောင်​ပေး​ကြမယ်လို့​သိရပါတယ်။

သရုပ်​ဆောင်လိုသူ​တွေအ​နေနဲ့​ မတ်လ ၁၅ ရက် ​နောက်ဆုံး​ထား​ပြီး​ ဗိုလ်ချုပ်​အောင်ဆန်း​ ရုပ်ရှင်ဖြစ်​မြောက်​ရေး​အဖွဲ့​ ရုံး​ခန်း​ - အမှတ် ၁၀၁ (ဘီ)၊​ ဓမ္မ​စေတီလမ်း​၊​ ဗဟန်း​မြို့​နယ်၊​ ရန်ကုန်၊​ ဖုန်း​ - ၀၉၇၃၁ ၆၂၇၀၀ အီး​မေး​လ်- [email protected] ကို ဆက်သွယ်​ပေး​ပို့​ရမှာ ဖြစ်ပါတယ်။

ရုပ်ရှင်ဖြစ်​မြောက်​ရေး​အဖွဲ့​ရုံး​ကို​တော့​ ​ဖေ​ဖော်ဝါရီ ၁၃ ရက် ​နေ့​ဗိုလ်ချုပ်​မွေး​နေ့​မှာ ဖွင့်​လှစ်ခဲ့​ပါတယ်။ ရုံး​ဖွင့်​ပွဲမှာ ​ဒေါ်​အောင်ဆန်း​စုကြည်က ဗိုလ်ချုပ်ရဲ့​ ဘဝမှာ အ​ရေး​ကြီဆုံး​ လုပ်​ဆောင်ခဲ့​တဲ့​ တိုင်း​ရင်း​သား​တွေ ​သွေး​စည်း​ညီညွတ်​ရေး​နဲ့​ ပြည်​ထောင်စုစိတ်ဓာတ်ကို စပြီး​ပျိုး​ခဲ့​တဲ့​ ဒီ​ဆောင်ရွက်ချက်​တွေကို အဓိကထား​ပြီး​ ဒီရုပ်ရှင်မှာ ပြ​စေချင်ပါတဲ့​ အ​ကြောင်း​နဲ့​ ဒီရုပ်ရှင်ကို အနုပညာအရ အဆင့်​မြင့်​မြင့်​ ဖြစ်​စေချင်တယ်လို့​ပြောကြား​ခဲ့​ပါတယ်။

ရုပ်ရှင် ရိုက်ကူး​ ထုတ်လုပ်ရာမှာ အသုံး​ပြုနိုင်ဖို့​ အမျိုး​သား​ရုပ်ရှင်ထုတ်လုပ်​ရေး​ လုပ်ငန်း​ကို နာ​ရေး​ကူညီမှုအသင်း​က ဦး​ကျော်သူရဲ့​ ဖခင် ဦး​စိန်တင်က ​ဒေါ်​အောင်ဆန်း​စုကြည်ကို အပြီး​အပိုင် လှူဒါန်း​ခဲ့​ပါတယ်။ ဆရာ​တော် အရှင်ဆန္ဒာဓိကလည်း​ ရုပ်ရှင်အတွက် ကျပ်​ငွေ ၁၂၈ သိန်း​၊​၊​ ဇာတ်မင်း​သား​ ဖိုး​ချစ်က သိန်း​ ၄၀ လှူဒါန်း​ခဲ့​တယ်လို့​သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013