DVB Logo
Home
မြန်မာသတင်း
ပျက်ကျ Y8 လေယာဉ်မှ ရုပ်အလောင်း ၅၉ လောင်း တွေ့ရှိထား
DVB
·
June 11, 2017
ပျက်ကျ Y8 လေယာဉ်မှ ရုပ်အလောင်း ၅၉ လောင်း တွေ့ရှိထား
Donate to DVB

 

တပ်မတော်လေ Y8 လေယာဉ် ပျက်ကျသွားခဲ့တဲ့ ဇွန် ၈ ရက်မှ ဒီနေ့ထိ စုစုပေါင်း ရုပ်အလောင်း ၅၉ လောင်း ရရှိပြီးဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီနေ့ညနေပိုင်းက ကြေညာပါတယ်။

ဇွန် ၈ ရက်က ၂၉ လောင်း၊ ၉ ရက်နေ့က ၃ လောင်း၊ ၁၀ ရက်နေ့က ၁ လောင်းနဲ့ ၁၁ ရက်နေ့မှာ ၂၆ လောင်း စုစုပေါင်း ၅၉ လောင်း ဆယ်ယူရရှိပြီးဖြစ်တယ်လို့ ဆိုပါတယ်။

လူပေါင်း ၁၂၂ ယောက် လိုက်ပါခဲ့တဲ့ Y-8 လေယာဉ်ဟာ ဇွန် ၇ ရက်နေ့က မြိတ်ကနေ ရန်ကုန်ကို ပျံသန်းရင်း ပျက်ကျခဲ့တာဖြစ်ပါတယ်။

လေယာဉ်ပျက်ကျခဲ့တဲ့ နေရာတစ်ဝိုက်ရဲ့ တပ်မတော်(ရေ)မှ စစ်ရေယာဉ်တွေနဲ့ ဆိုနာအသုံးပြုပြီး ရှာဖွေတာ၊ ရေငုပ်စစ်သည်တွေနဲ့ ရှာဖွေတာ၊တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်တွေ၊ မြေပြင်တပ်တွေနဲ့ ဒေသခံပြည်သူတွေ၊ ငါးဖမ်းစက်လှေတွေ ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013