DVB Logo
Home
မြန်မာသတင်း
ထိုင်း-မြန်မာ ချစ်ကြည်ရေး စက်ဘီးစီးပွဲတော် ကော့သောင်းတွင် ပြုလုပ်
DVB
·
June 11, 2017
ထိုင်း-မြန်မာ ချစ်ကြည်ရေး စက်ဘီးစီးပွဲတော် ကော့သောင်းတွင် ပြုလုပ်
1 / 6
Donate to DVB

 

ကော့သောင်းမြို့မှာ ဇွန် ၁၁ ရက်နေ့ မနက်ပိုင်းက ထိုင်း-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး စက်ဘီးစီးပွဲတော်ကို ကော့သောင်းမြို့ နာရီစင်ရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။

စက်ဘီးစီးပွဲတော် စီစဉ်သူ နယ်ခြားကော်မတီဝင် ဦးထင်လင်းဆွေက “အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်လာတာနဲ့အညီ တနိုင်ငံနဲ့ တနိုင်ငံ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိပြီး ဒီလို ချစ်ကြည်မှုရှိလာရင် စီးပွားရေးပဲ လုပ်မလား၊ ဘာပဲလုပ်လုပ် အဆင်ပြေလာမှာပါ။ ဒါကလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်ရခြင်းအပေါ် ဒါကို ကျနော်တို့ လက်တွေ့အကောင်အထည် ဖော်ဆောင်ရတာပါ။ ဒီခရီးစဉ်က ကျနော်တို့ စီစဉ်တာ အခုဆိုရင် (၄) ကြိမ်မြောက်ပွဲဖြစ်တယ်” လို့ ပြောပါတယ်။

ဒီခရီးစဉ်ကို ကော့သောင်းမြို့ ကုန်သည်ကြီးများအသင်း၊ ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူးနဲ့ ထိုင်းနိုင်ငံ ရနောင်းခရိုင်ဝန်၊ ရနောင်းခရိုင် အားကစားရေးရာဌာန၊ ရနောင်းခရိုင် ခရီးသွား လုပ်ငန်းရှင်များအသင်း၊ ခရီးသွားလုပ်ငန်းသမဂ္ဂ၊ ရနောင်းခရိုင် ကုန်သည်ကြီးအသင်း၊ ရနောင်းခရိုင် Grand Andaman Football United၊ ရနောင်းခရိုင် စက်ဘီးစီးအသင်းနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ပူးပေါင်းစီစဉ်တာပါ။

စက်ဘီးစီးခရီးစဉ်ဖွင့်ပွဲမှာ ကော့သောင်းခရိုင် ဒုအုပ်ချုပ်ရေးမှူး ဦးတင်သိန်းမောင်နဲ့ ရနောင်းခရိုင်ဝန် ကျထုက ဖွန်ဖိရမ်ဖုတရတို့က ၂ နိုင်ငံအလံတွေကို စိုက်ထူကာ ခရီးစဉ်ကိုဖွင့်လှစ်ပေးခဲ့ပါတယ်။

၂ နိုင်ငံ စက်ဘီးစီးအားကစားသမားတွေက ခရီးအကွာအဝေး ၂၇ ကီလိုမီတာ အကွာအဝေးအထိ စက်ဘီးစီးကြပြီး မြန်မာဘက်မှ အားကစားသမား မြိတ်ခရိုင်မှ ၃၃ ဦး၊ ကော့သောင်းမှ ၅ ဦး၊ မလေးရှားနိုင်ငံသား ၁ ဦးနဲ့ ထိုင်း ၄၂၇ ဦး စုစုပေါင်း ၄၆၆ ဦး ပါဝင်စီးနင်းခဲ့ကြပြီး ကော့သောင်းမြို့ဘိုးဘွားရိပ်သာမှာ ငွေနဲ့ ထောက်ပံ့ပစ္စည်းတွေ ပေးအပ်လှူဒါန်းခဲ့ပါတယ်။

သတင်း - လတ်ကိုကိုဦး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013