DVB Logo
Home
မြန်မာသတင်း
သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ အပင် ၁၀၀၀ ကျော်စိုက်ပျိုး
DVB
·
June 11, 2017
သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ အပင် ၁၀၀၀ ကျော်စိုက်ပျိုး
1 / 5
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် အပါအဝင် တိုင်းအစိုးရအဖွဲ့မှ ဦးစီးပြီး မုံရွာမြို့နယ်အတွင်းရှိ ဗောဓိတစ်ထောင်ဘုရားအနီး ရွှေမြင်တင်တောင်ခြေကတုံးမှာ အပင် ၁၀၀၀ ကျော် စိုက်ပျိုးမှုကို ဇွန်လ ၁၁ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

အခုလို အပင်ရေ ၁၀၀၀ ကျော်ထိ စိုက်ပျိုးရတာဟာ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် ရည်ရွယ်တယ်လို့ သိရပါတယ်။

စိုက်ပျိုးတဲ့အပင်တွေကတော့ ပျဉ်းကတိုး၊ ခရေ၊ သပြေ စတဲ့ အပင်အမျိုးစားတွေ ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့ပြင် ဗောဓိတစ်ထောင်ဝန်းကျင်မှာ စွန့်ပစ်ထားတဲ့ အမှိုက်များကို စုပေါင်းကောက်ခဲ့ကြပါတယ်။

အဆိုပါ အပင် ၁၀၀၀ ကျော်စိုက်ပျိုးရာမှာ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းအစိုးရဝန်ကြီးများ၊ ဌာနဆိုင်ရာများနဲ့ အရပ်ဘက်အဖွဲ့စည်းများ စုစုပေါင်း အင်အား ၃၀၀ နီးပါး ပါဝင်တယ်လို့ သိရပါတယ်။

သတင်း - ရန်နိုင်စိုး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013