
ဇူလိုင်လထဲမှာ အလုပ်သမားထုတွေအနေနဲ့ ငြိမ်းချမ်းရေးမှာ လူထုပါဝင်လာဖို့အတွက် လှုပ်ရှားမှုတွေ ပြုလုပ်သွားမယ်လို့ ဒို့မျိုးဆက်ကွန်ရက်ဒါရိုက်တာ ကိုနန္ဒာစစ်အောင်က ပြောပါတယ်။
အခုလို လှုပ်ရှားမှုတွေ ပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ငြိမ်းချမ်းရေးကိစ္စတွေ ရှေ့မတိုးနိုင်ဘူးဆိုရင် အလုပ်သမားအရေးကိစ္စတွေကလည်း အားမကောင်းလာနိုင်တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။
အလုပ်သမားတွေအနေနဲ့လည်း ပြီးခဲ့တဲ့ ၂၁ ရာစုပင်လုံညီလာခံမှာ အလုပ်သမားအရေးတွေနဲ့ ပတ်သက်ပြီး အသံတိတ်နေတယ်လို့ အလုပ်သမားရေး လှုပ်ရှားနေတဲ့ မလှလှက ပြောပါတယ်။
ဇွန်လ ၁၁ ရက်နေ့ကလည်း လှိုင်သာယာမှာ အလုပ်သမားတွေအနေနဲ့ ငြိမ်းချမ်းရေးအရေးကိစ္စ အကြောင်းတွေကို သိရှိဖို့ ငြိမ်းချမ်းရေးနဲ့ လူထုစကားဝိုင်းတခု ပြုလုပ်ခဲ့ပါတယ်။











