DVB Logo
Home
မြန်မာသတင်း
တရားမဝင် ပိတောက်ခွဲသားများ သထုံတွင် ဖမ်းမိ
DVB
·
June 11, 2017
Donate to DVB

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထောင်မှူးကျေးရွာအုပ်စု၊ ကြာပန်းတိုးဂိတ်တွင် ဇွန်လ ၁၀ ရက်နေ့ နေ့လယ် ၁ နာရီခန့်က ငါးထည့်တဲ့ ရေခဲပုံးတွေနဲ့ ဖုံးကွယ်သယ်ဆောင်လာတဲ့ ပိတောက်ခွဲသားတုံးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သုဓမ္မဝတီနယ်မြေရဲစခန်းက သိရပါတယ်။

သုဓမ္မဝတီ နယ်မြေရဲစခန်းမှ ရဲအုပ်မြင့်ခိုင်က “သူတို့တွေက သစ်တွေကို အလယ်မှာ ထည့်ပြီး ငါးထည့်တဲ့ ရေခဲပုံးတွေကို ကားအနောက်ဘက်မှာ ကာပြီး တင်လာတာ။ ဂိတ်က အဖွဲ့တွေက မသင်္ကာလို့ စစ်ဆေးတော့ သစ်တွေ သယ်လာတာ သိရတယ်။ သစ်တွေကိုတော့ သစ်တောကို အပ်လိုက်ပြီ။ သစ်တောကတော့ သူတို့ဥပဒေနဲ့ ဆက်လက်အရေးယူပါလိမ့်မယ်”လို့ ပြောပါတယ်။

သုဓမ္မဝတီနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်တွေဟာ ကြာပန်းတိုးဂိတ်မှာ စစ်ဆေးဆောင်ရွက် နေစဉ် သထုံဘက်မှ ဘားအံဘက်ကို သထုံမြို့နေသူ ယာဉ်မောင်း ဇေယျာ (၂၀-နှစ်) မောင်းနှင်ပြီး ယာဉ်နောက်လိုက်အဖြစ် သထုံမြို့နေသူ ထွန်းဝေ (၂၃-နှစ်) တို့ လိုက်ပါလာတဲ့ ဟီးနိုး ဖြူပြာရောင် ၆ ဘီးယာဉ်ကို စစ်ဆေးရာ ယာဉ်ပေါ်မှာ ငါးထည့်တဲ့ ရေခဲပုံးတွေနဲ့ ဖုံးအုပ်ကွယ်ပြီး တင်ဆောင်လာတဲ့ တရားမဝင် ပိတောက်ခွဲသား လေးထောင့်တုံး ၅ ဒသမ ၇၄၄၈ တန်၊ ခန့်မှန်းကာလတန်ဖိုး ကျပ်သိန်း ၆၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ ရဲစခန်းက သိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး တရားမဝင် ပိတောက်ခွဲသားတွေ တင်ဆောင်လာတဲ့ ဇေယျာနဲ့ ထွန်းဝင်းတို့ ၂ ဦးကို သထုံမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးတင်ဌေးဦးက သစ်တောဥပဒေ ပုဒ်မ ၄၂(ခ) နဲ့ သထုံမြို့နယ်တရားရုံးကို ဦးတိုက် လျှောက်ထား တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။

သတင်း - ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013