DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့တွင် တန်ဖိုးသင့်အိမ်ရာရောင်းပွဲတော် ကျင်းပ
DVB
·
June 11, 2017
Donate to DVB

မြိတ်မြို့တွင် တန်ဖိုးသင့်အိမ်ရာရောင်းပွဲတော်ကို ဇွန်လ ၁၀ ရက်နေ့က မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့ပါတယ်။

မြိတ်အများပိုင်ကော်ပိုရေးရှင်းမှ တာဝန်ယူ တည်ဆောက်ထားတဲ့ အဆိုပါတန်ဖိုးသင့် အိမ်ရာတွေဟာ ကုန်းမြင့်သာ ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းထဲမှာ တည်ရှိပြီး စတင်ရောင်းချတဲ့နေ့မှာပဲ တိုက်ခန်းထက်ဝက်ကို ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။

အများပိုင်ကုမ္ပဏီမှ အိမ်ရာရောင်းချရေးကော်မတီဥက္ကဋ္ဌ ဦးအင်ဟိုက “ကျနော်တို့ ဒီနေ့ ရေပုန်းရပ်ကွက်က ကုန်းမြင့်သာအိမ်ရာမှာ တန်ဖိုးသင့်တိုက်ခန်း ၁၂၀ ရောင်းချပေးရာမှာ အခန်း ၆၀ ရောင်းထွက်သွားပါတယ်။ ၅ ထပ်တိုက်တလုံးမှာ အခန်းပေါင်း ၃၀ ရှိပါတယ်။ အပေါ်ဆုံးအလွှာ အခန်းတွေက တန်ဖိုးအနည်းဆုံး သိန်း ၁၀၀ ဖြစ်ပြီး မြေညီထပ် အခန်းတွေက တန်ဖိုးအမြင့်ဆုံး သိန်း ၄၃၀ နဲ့ ရောင်းချေပေးတယ်လို့" ပြောပါတယ်။

မြိတ်တောင်ကျေးရွာက အဝေးပြေးကားဝင်းထဲမှာလည်း Shop House အကြီး ၂၀ နဲ့ အသေး ၄၀ ရောင်းချပေးနေတယ်လို့ မြိတ်အများပိုင်အတွင်းရေးမှူး ဦးမျိုးအောင်က ပြောပါတယ်။

“ဒီတိုက်ခန်းတွေရဲ့ အနိမ့်ဆုံးတန်ဖိုးက သိန်း ၆၀၀ ရှိပြီး နေရာကောင်းတဲ့ အခန်းတွေက သိန်း ၇၀၀ သတ်မှတ်ထားပါတယ်။ ဒီနေ့မှာ Shop House က သိန်း ၆၀၀ တန် ၅ လုံး ၀ယ်ယူသွားပါတယ်။ ကျနော်တို့ အများပိုင်အနေနဲ့အကျိုးအမြတ်ထက် ဒီကဒေသခံတွေ အတွက် အိမ်ရာရရှိရေး၊ မိမိနဲ့သင့်လျော်မယ့် အိမ်ရာတစ်ခု ပိုင်ဆိုင်ခွင့်ရရှိရေးအတွက် ဆောင်ရွက်နေတာပါ။ နောက်ထပ်ရောင်းချပေးမယ့် အခန်းတွေလည်း ရှိပါသေးတယ်” လို့ ပြောကြားခဲ့ပါတယ်။

တန်ဖိုးသင့် အိမ်ခန်းတွေကို ကနဦး ၃၀ ရာခိုင်နှုန်း ပေးသွင်းပြီး ၃ နှစ် အရစ်ကျစနစ်နဲ့ ရောင်းချပေးတာ ဖြစ်ပြီး လာရောက်ကြည့်ရှုဝယ်ယူသူ များပြားခဲ့တယ်လို့ သိရပါတယ်။

သတင်း - မြတ်ထွဋ်(မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013