DVB Logo
Home
မြန်မာသတင်း
ဆလုံလူမျိုးတို့၏ဘဝကို ဖော်ကျူးမည့် "ဒီပ"ဇာတ်ကား သရုပ်ဆောင်သစ်လျှောက်သူ များပြား
DVB
·
June 11, 2017
Donate to DVB

ဆလုံလူမျိုးတို့ရဲ့ လူနေမှုဘဝကို ဖော်ကျူးမယ့် “ဒီပ” အမည်ရ ရုပ်ရှင်ဇာတ်ကားအတွက် သရုပ်ဆောင်သစ် လျှောက်ထားသူ ၆၅ ဦးရှိပြီလို့ ဒါရိုက်တာက ပြောပါတယ်။

ဒါရိုက်တာ ကျော်ဗိုလ်ဗိုလ်သာမှ ဖန်တီးပုံဖော်မယ့် “ဒီပ” ရုပ်ရှင်ဇာတ်ကားကို တနင်္သာရီတိုင်းဒေသကြီး တောင်ဘက်စွန်း ဆလုံ လူမျိုးတွေ နေထိုင်တဲ့ ဂျလန်းကျွန်းမှာ ရိုက်ကူးမှာဖြစ်ပြီး မြိတ်နဲ့ ထားဝယ် ဒေသခံ အနုပညာရှင်တွေ လာရောက် လျှောက်လွှာ တင်ထားကြတာ ဖြစ်ပါတယ်။

လာမယ့် အောက်တိုဘာမှာ စတင်ရိုက်ကူးမှာ ဖြစ်ပါတယ်။ လျှောက်ထားသူ သရုပ်ဆောင်တွေကို အခုရက်ပိုင်းမှာ လူတွေ့စစ်ဆေး အင်တာဗျူးတွေ ပြုလုပ်နေပြီး လက်တွေ့ သရုပ်ဆောင်တာတွေလည်း ပြုလုပ်နေကြောင်း သိရပါတယ်။

“ဒီပ” ရုပ်ရှင် ဇာတ်ကားကြီးမှာ အမှောင်မှ အလင်း၊ အရိုင်းမှ အယဉ်သို့လည်းကောင်း၊ ပြည့်တန်ဆာ မိခင်ကြီးအား ကျွတ်တန်းဝင်အောင် လမ်းပြ အလင်းရောင်ပေးခဲ့ပုံ၊ ဆလုံတိုင်းရင်းသားများ၏ ရိုးသားမှုကို အခွင့်ကောင်းယူပြီး စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ လက်ဝါးကြီးအုပ် အမြတ်ထုတ်ဖိနှိပ်တာ၊ ဘုရားသာသနာတော်နဲ့ ဝေးကွာတဲ့ ဆလုံတိုင်းရင်းသားတွေရဲ့ဘဝကို ဘုရားသနာတော်နဲ့ နီးစပ်အောင် လမ်းပြပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားတကား ဖြစ်ကြောင်း သိရပါတယ်။

သတင်း - ဇော်ဇော်(မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013