DVB Logo
Home
မြန်မာသတင်း
တနိုင်းဘုန်းကြီးကျောင်းတွင် ရွှေ့ပြောင်းလုပ်သားများ တည်းခိုရန် ကူညီပေးနေ
DVB
·
June 11, 2017
Donate to DVB

ကချင်ပြည်နယ် တနိုင်းမြို့နယ်ထဲက ရွှေနဲ့ ပယင်းထုတ်တဲ့မှော်တွေက ရောက်ရှိလာတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို တနိုင်းမြို့ မြို့မဘုန်းကြီးကျောင်းမှာ အကူအညီတွေ တည်းခိုဖို့ အကူအညီပေးနေရပါတယ်။

ရွှေ့ပြောင်းလုပ်သားတွေကို ဘုန်းကြီးကျောင်းမှာ တညတာတည်းခိုစေပြီး မနက်ပိုင်းမှာ နေရပ်ပြန်ဖို့ လူမှုကူညီရေးအဖွဲ့တွေက စီစဉ်ပို့ဆောင်ပေးနေတာ ၅ ရက်ရှိပြီ။

ဘုန်းကြီးကျောင်းကနေ ဇွန် ၆ ရက်နေ့ကတည်းက ကူညီပေးနေတာ ဖြစ်ပြီး စစ်ရှောင် ရွှေ့ပြောင်းလုပ်သားတွေ ၂ ထောင်ကျော်လောက် ရှိနေပြီလို့ မြို့မဘုန်းကြီးကျောင်း လက်ထောက် ဆရာတော် အရှင် အာစိဏက မိန့်ပါတယ်။

စစ်ဘေးရှောင် ရွှေ့ပြောင်းလုပ်သားတွေကို လူမှုကူညီရေးအသင်းတွေက ဒိုက်ဖားရွာမှာလူစုပြီး တနိုင်းမြို့ မြို့မဘုန်းကြီးကြောင်းကို ကားတွေနဲ့ နေ့စဉ်ခေါ်ယူလာတာလို့ ဆိုပါတယ်။  

စစ်ဘေးရှောင်တွေဟာ ဒိုက်ဖားရွာကို ကိုယ့်အစီအစဉ်နဲ့ကိုယ် စက်လှေတွေနဲ့ လာရောက်ကြရဖြစ်ပြီး လူမှုကူညီရေးအသင်းတွေက တနိုင်းမြို့ကနေတဆင့် မိမိနေရာဒေသ ကို ထပ်မံပို့ဆောင်နေတာပါ။

ဇွန် လ ၅ ရက်နေ့ က တပ်မတော်က ထုတ်ပြန်ခဲ့တဲ့စာတွေကြောင့် ရွှေမှော် အသီးသီး က ရွှေ့ပြောင်းလုပ်သားတွေဟာ တနိုင်းမြို့မှာရှိတဲ့ ဘုန်းကြီးကျောင်းနဲ့ နှစ်ခြင်းခရစ်ယာန်RC ဘုရားကျောင်းတွေမှာ ခိုလှုံနေကြပါတယ်။

ဒါပေမယ့် နှစ်ခြင်းဘုရားကျောင်းတွေ ခိုလှုံသူတွေကတော့ ရွှေမှော် ဒေသတွေမှာ အခြေချ နေထိုင်သူ ဒေသခံတွေဖြစ်လို့ ပြန်စရာနေရာမရှိတဲ့အပြင် ကျန်းမာရေး အခက်အခဲလည်း ရှိနေပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အေ) ဘက်ကလည်း တပ်တော်နဲ့ တနိုင်းဘက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ည ၇ နာရီကနေ မနက် ၆ နာရီအတွင်း အဲဒီဒေသမှာ ဖြတ်သန်းသွားလာမှုတွေ မလုပ်ဖို့ သတိပေးစာ ထုတ်ပြန်ထားပါတ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013