DVB Logo
Home
မြန်မာသတင်း
မောနင်းစတား လက်ဖက်ရည်ဆိုင်ကို စည်ပင်က ဖယ်ရှားရှင်းလင်းပြီ (ရုပ်သံ)
DVB
·
June 11, 2017
Donate to DVB


ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် အထက်ပန်းဆိုးတန်းလမ်းနဲ့ ဗိုလ်မင်းခေါင်လမ်းထောင့်ရှိ သစ်တောဦးစီးဌာနပိုင်မြေပေါ်မှာ ဖွင့်လှစ်ထားတဲ့ မောနင်းစတား လက်ဖက်ရည်ဆိုင်ကို ဒီကနေ့မနက် ၆ နာရီမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက စတင်ရှင်းလင်းဖယ်ရှားနေပါတယ်။

ရှင်းလင်းဖယ်ရှာရာမှာ ပါဝင်တဲ့ တာဝန်ရှိသူတဦးက “မောနင်းစတားဆိုင်အတွင်းမှာ ရှိနေသူများ ခင်ဗျ။ လူကြီးမင်းတို့၏ ပစ္စည်းများကို ယူဆောင်ပြီး ယနေ့နံနက် ၆ နာရီမတိုင်မီ ဆိုင်အတွင်းမှ ထွက်ခွာပေးပါရန် မေတ္တာရပ်ခံပါတယ်။ သတ်မှတ်ချိန်အတွင်း ထွက်ခွာခြင်းမရှိပါက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားသည့် စီမံချက်နဲ့အညီ ဝင်ရောက်ဖယ်ရှားရှင်းလင်း ဆောင်ရွက်မည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်” ဆိုပြီး ပြောကြားသွားပါတယ်။

မနက် ၆ နာရီခွဲမှာတော့ YCDC ကားတွေပေါ် ဆိုင်တွင်းက ပစ္စည်းတွေတင်ပြီး  စတင်ဖယ်ရှားနေပြီဖြစ်ပါတယ်။

မီဒီယာတွေကိုတော့ လက်ဖက်ရည်ဆိုင် ပြင်ပမှာသာ နေခိုင်းပြီး ရဲတပ်ဖွဲ့က လုံခြုံရေးယူထားပါတယ်။

အဲဒီဆိုင်ကို ၂၀၁၃ ခုနှစ် သြဂုတ်လကတည်းက အပြီးအပိုင် ဖယ်ရှားပေးဖို့ သက်ဆိုင်ရာက အကြောင်းကြားထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် မောနင်းစတား လက်ဖက်ရည်ဆိုင်ဘက်က အယူခံဝင်ထားတာကြောင့် စောင့်ဆိုင်းနေခဲ့တာဖြစ်ပြီး အခု အယူခံဝင်ရောက်မှု မအောင်မြင်တာကြောင့် အခုလို ရှင်းလင်းဖယ်ရှားတာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013