DVB Logo
Home
မြန်မာသတင်း
ပျက်ကျ Y-8 လေယာဉ်ကို မကြာမီရှာတွေ့နိုင်မည်ဟု ကာကွယ်ရေးဦးစီးချုပ်ပြော
DVB
·
June 11, 2017
ပျက်ကျ Y-8 လေယာဉ်ကို မကြာမီရှာတွေ့နိုင်မည်ဟု ကာကွယ်ရေးဦးစီးချုပ်ပြော
1 / 6
Donate to DVB

ပျက်ကျ Y-8 တပ်မတော်လေယာဉ်ရဲ့ အထောက် အထားတချို့ ရရှိထားပြီးဖြစ်တာကြောင့် မကြာမီ လေယာဉ်အား ရှာဖွေတွေ့ရှိနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

တပ်မတော် ပို့ဆောင်ရေး Y-8 ပါရှိသွားတဲ့ လေယာဉ်အမှုထမ်းတွေ အရာရှိ စစ်သည် တွေရဲ့ ကျန်ရစ် မိသားစုဝင်တွေအတွက်အလှူငွေပေးအပ်ပွဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလို ပြောဆိုသွားတာပါ။

တပ်မတော် ကာကွယ်ရေးစီးချုပ်က မကြာမီမှာ တွေ့နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပြီး ရေအနက်ကလည်း ၃၅ မိတာ အနက်လောက်ပဲရှိလို့ အခုလက်ရှိ ရေတပ်က သင်္ဘောတွေ၊ ငါးဖမ်းစက်လှေတွေနဲ့ ရှာနေတယ်လို့ ပြောပါတယ်။

တပ်မတော် သက်သာချောင်ချိရေးလေယာဉ် ပျက်ကျခဲ့မှုဟာ တပ်မတော်သမိုင်းမှာ အဆိုးဝါးဆုံး ပျက်စီးရှုံးဆုံးမှုဖြစ်ကြောင်းလည်း ဆိုပါတယ်။

ဒါ့အပြင် သတင်းဌာနတချို့က အတည်မပြုနိုင်သည့်ကောလာဟလသတင်းတွေ၊ ရေးသားဖော်ပြခဲ့မှု၊ လူမှုကွန်ရက်တခု၌ လေယာဉ်ပေါ်ပါရှိသွားတဲ့ အရာရှိ၊ စစ်သည်၊ မိသားစုတွေနဲ့ ကျန်ရစ်သူ မိသားစုတွေအပေါ် ထိခိုက်နစ်နာစေတဲ့ ရေးသားဖော်ပြမှုတွေ မလုပ်သင့်ကြောင်းလည်း ထည့်သွင်းပြောကြားသွားပါတယ်။

တရုတ်နိုင်ငံလုပ် Y-8 လေယာဉ်ဟာ ဇွန်လ ၇ ရက်နေ့က မြိတ်ကနေ ရန်ကုန်ကို ပြန်သန်းလာတုန်းမှာ ပျက်ခဲ့တာပါ။

ဇွန် ၁၀ ရက်နေ့အထိ လေယာဉ် အပိုင်းအစတွေနဲ့ ရုပ်အလောင်း ၃၃ လောင်းကို ရှာဖွေ တွေ့ရှိထားပါတယ်။

ပျက်ကျခဲ့တဲ့ လေယာဉ်ဟာ ၂၀၁၆ ခုနှစ် မတ်လက ရောက်ရှိခဲ့တာဖြစ်ပြီး တပ်မတော်မှာ အမာခံ လေယာဉ်အနေနဲ့ အသုံးပြုနေရပြီး သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုပါတယ်။

 

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013