DVB Logo
Home
မြန်မာသတင်း
သထုံတွင် တရားမဝင် လိုင်စင်မဲ့ယာဉ် ၆ စီး ဖမ်းမိ
DVB
·
June 10, 2017
Donate to DVB

မွန်ပြည်နယ်၊ သထုံမြို့၊ ကြာပန်းကျေးရွာအုပ်စုရှိ ဒုံသမိတံတားနဲ့ ခရိုင်ချင်းဆက် လမ်းတွေပ်ါမှာ ဇွန် ၉ ရက်နေ့က တရားမဝင် သယ်ဆောင်မောင်းနှင်လာတဲ့ လိုင်စင်မဲ့ မော်တော်ယာဉ် ၆ ကို ဖမ်းဆီးရမိခဲ့တယ်လို့ သုဓမ္မဝတီရဲစခန်းက ပြောပါတယ်။

သထုံခရိုင်ရဲတပ်ဖွဲ့မှ ရဲအုပ်အောင်သူက “လိုင်စင်မဲ့ယာဉ်တွေ သယ်ဆောင်မောင်းနှင်ပြီး သထုံမှာရှိတဲ့ ခရိုင်ချင်းဆက်လမ်းတွေကို အသုံးပြုပြီး ဖြတ်သန်းသွားလာနေတယ်လို့ သတင်းအရ ဖြတ်သွားနိုင်လောက်တဲ့ လမ်းတွေပေါ်မှာ စောင့်ဖမ်းတာပါ။ ဒုံသမိတံတားပေါ်မှာ ၁ စီး မိတယ်၊ အင်းရှည်ကျေးရွာ လမ်းပေါ်မှာ ၂ စီးနဲ့ ကဇိုင်းကျေးရွာ လမ်းပေါ်မှာ ၃ စီး၊ စုစုပေါင်း ၆ စီးဖမ်းမိပါတယ်”လို့ ပြောပါတယ်။

သတင်းအရ သထုံခရိုင်ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေဟာ ဘားအံဘက်ကနေ ရန်ကုန်ဘက် ကြာပန်း-ဝီယော်ခရိုင်ချင်းဆက်လမ်းမှာ ဗိုလ်ဗိုလ် မောင်းနှင်လာတဲ့ ယာဉ်အမှတ် YGN(4G/5156)၊ TOYOTAR BIGHORN အမျိုးအစား ယာဉ်၊ ဝင်းမောင် မောင်းနှင်လာတဲ့ ယာဉ်အမှတ် YGN(8L/4168)၊ HONDA CRV အမျိုးအစားယာဉ်၊ ဒုံသမိတံတားပေါ်မှာ စိုင်းနောင် မောင်းနှင်လာတဲ့ ယဉ်အမှတ်(5L/7325) HONDA FIT အမျိုးအစား ယာဉ်၊ ကဇိုင်းရွာလယ်လမ်းမှာ တင်အောင်မိုး မောင်းနှင်လာတဲ့ ယာဉ်အမှတ် YGN(4K/8028) CROWN အမျိုးအစားယာဉ်၊ ထွန်းနိုင်ဦး မောင်းနှင်လာတဲ့ ယာဉ်အမှတ် YGN(9E/2076)၊ QR-20 XTRAIL အမျိုးအစား ယာဉ်၊ နေထက်လင်းခိုင် မောင်းနှင်လာတဲ့ ယာဉ်အမှတ် YGN(8H/7377) NISSAN X-TRAIL အမျိုးအစား ယာဉ်တို့ကို စစ်ဆေးရာမှာ ယာဉ်နဲ့ပတ်သက်တဲ့ အထောက်အထား တစုံတရာ မပြသနိုင်တာကြောင့် ဖမ်းဆီးအရေးယူထားတယ်လို့ ရဲစခန်းက သိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး လိုင်စင်မဲ့ မော်တော်ယာဉ် တင်သွင်းမောင်းနှင်သူ ၆ ဦးတို့ကို (ပ) ၁၂၄/၂၀၁၇၊ ပို့ကုန်သွင်းကုန် ပုဒ်မ ၈ တို့နဲ့  အသီးသီး အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။

သတင်း - ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013