DVB Logo
Home
မြန်မာသတင်း
YBS ဘတ်စ်ကားစနစ်အတွက် ကားသစ်အစီး ၁၀၀၀ လွှဲပြောင်းပေးအပ်
DVB
·
June 10, 2017
Donate to DVB

YBS ဘတ်စ်ကားစနစ်အတွက် ဝယ်ယူထားတဲ့ ဘတ်စ်ကားသစ် အစီး ၁၀၀၀ ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရဆီကို ဒီကနေ့ လွှဲပြေင်းပေးအပ်ခဲ့ပါတယ်။

အဲဒီ့လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ကျင်းပပြုလုပ်ခဲ့ပြီး ဘတ်စ်ကားသစ်တွေအတွက် အန္တရာယ်ကင်း ပရိတ်တရားတော် နာကြားခဲ့ကြပါတယ်။

အခုရောက်ရှိလာတဲ့ ကားတွေဟာ မြန်မာနိုင်ငံအတွက် သီးခြား ထုတ်လုပ်ပေးထားတဲ့ ကားတွေ ဖြစ်သောကြောင့် ပြည်သူလူထုကို ဝန်ဆောင်မှုပေးရာမှာ အကောင်ဆုံး ဝန်ဆောင်မှု ပေးနိုင်မယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ဒါဟာ တရုတ်-မြန်မာ နှစ်နိုင်ငံ အစိုးရအကြား နားလည်မှုနဲ့ ဝယ်ယူခဲ့တာကြောင့် ဘတ်စ်ကားသစ်တွေအနေနဲ့ ဈေးနှုန်းသက်သာပြီး အရည်အသွေး ကောင်းမွန်တဲ့အတွက် အဓိက ကူညီဆောင်ရွက်ပေးခဲ့တဲ့ တရုတ်နိုင်ငံ သံအမတ်ကြီး ဟုန်လျန်ကို  အထူးကျေးဇူး တင်ရှိကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသွားပါတယ်။

ဒီကားသစ်တွေဟာ  YUTONG နှင့် ANKAI ကားထုတ်လုပ်ရေး ကုမ္ပဏီတို့မှ ထုတ်လုပ်ခဲ့တဲ့ ကားတွေ ဖြစ်ပါတယ်။

ဓာတ်ပုံ - The Ladies News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013