
ရန်ကုန်မြို့ရဲ့ ရေကြီးရေလျှံပြဿနာကို ကမ္ဘာ့ဘဏ်ရဲ့ အကူအညီနဲ့ ဖြေရှင်းသွားမယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
ဇွန်လ ၉ ရက်ကပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ တနှစ်တာ လုပ်ငန်း ဆောင်ရွက်ချက်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။
လာမယ့် ပွင့်လင်းရာသီမှာ ဆောင်ရွက်မှာ ဖြစ်ပြီး ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ သန်း ၁၀၀ လောက် အကူအညီယူမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့တော်ဟာ ဖွံ့ဖြိုးလာတာနဲ့အမျှ လူဦးရေတွေ များပြားလာပြီး မြို့ရဲ့ ရေစွန့်ထုတ်စနစ်တွေ မလုံလောက်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ပြောပါတယ်။
လိုအပ်ရင်တော့ ရေပြည့်နေတဲ့ မြောင်းတွေကနေ ရေတွေကို စုပ်ထုတ်ဖို့ထိ ဆောင်ရွက်သွားမယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။
ရန်ကုန်မှာ ရေမလျှံဖို့အတွက် မနှစ်ကလည်း ကျပ်သိန်းပေါင်း ၁ သောင်းကျော် သုံးစွဲခဲ့တာ ဖြစ်ပါတယ်။











