DVB Logo
Home
မြန်မာသတင်း
သထုံတွင် တရားမဝင်တင်သွင်းလာသည့် ကွမ်းစားဆေးများ ကျပ်သိန်း ၂၅၀ ကျော်ဖိုး ဖမ်းမိ
DVB
·
June 10, 2017
Donate to DVB

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထောင်မှူးကျေးရွာအုပ်စု၊ ကြာပန်းတိုးဂိတ်မှာ ဇွန် ၉ ရက်နေ့က တရားမဝင်တင်သွင်းလာတဲ့ SIGNAL တံဆိပ်ပါ ကွမ်းစားဆေးတွေ ကျပ်သိန်း ၂၅၀ ကျော်ဖိုး ဖမ်းဆီးရမိခဲ့တယ်လို့ သုဓမ္မဝတီနယ်မြေရဲစခန်းက ပြောပါတယ်။

သုဓမ္မဝတီနယ်မြေရဲစခန်းမှ ရဲအုပ်မြင့်ခိုင်က "ကြာပန်းတိုးဂိတ်မှာက တပ်ဖွဲ့ဝင်တွေကို ရဲလုပ်ငန်းတွေ ဆောင်ရွက်နိုင်အောင် တာဝန်ပေးထားတာရှိတယ်။ မသင်္ကာတဲ့ ကားတွေကို စစ်ဆေးနိုင်ဖို့ပါ။ ခုလည်း ကားထဲမှာ မြွေခွံအိတ်တွေနဲ့ ထည့်ထားတဲ့ အထုပ်တွေပါလာတာ မသင်္ကာလို့ စခန်းခေါ်စစ်ဆေးတာ တရားမဝင်တင်လာတဲ့ ကွမ်းစားဆေးတွေ ဖမ်းမိတာပါ။ ဖမ်းမိထားတဲ့ ပစ္စည်းတွေကို သက်ဆိုင်ရာဌာနကို အပ်ပေးသွားမှာပါ' 'လို့ ပြောပါတယ်။

ဖြစ်စဉ်မှာ သုဓမ္မဝတီနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်တွေဟာ သက်သေတွေနဲ့အတူ ကြာပန်းတိုးဂိတ်မှာ ယာဉ်တွေကို စစ်ဆေးနေစဉ် ဘားအံဘက်ကနေသထုံဘက် ကျော်ဇေယျာ မောင်းနှင်လာတဲ့ ယာဉ်အမှတ်(GG/2630)၊ ပရိုဘောက် အမျိုးအစားယာဉ်ပေါ်မှာ မသင်္ကာဖွယ်အထုပ်တွေ တင်ဆောင်လာတာကို တွေ့ရှိရလို့ ရဲစခန်းကိုခေါ်ယူပြီး အထုပ်တွေကို ဖွင့်ဖောက်စစ်ဆေးရာ တရားမဝင် SIGNAL တံဆိပ်ပါ ကွမ်းစားဆေးဘူး ၃၆၀၀ ဘူး၊ ကာလတန်ဖိုး ကျပ်သိန်း (၂၅၂၀၀၀၀၀) ဖိုး ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ အကောက်ခွန်မဲ့ကွမ်းစားဆေးဘူးတွေ သယ်ဆောင်လာတဲ့ ကျော်ဇေယျကို သုဓမ္မဝတီနယ်မြေရဲစခန်းမှ (ပ) ၁၁၈/၂၀၁၇၊ ပို့ကုန်သွင်းကုန်ပုဒ်မ- ၈ အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။

သတင်း - ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013