DVB Logo
Home
မြန်မာသတင်း
လယ်သမားထောက်ပံ့ငွေ အလွဲသုံးစားပြုသည့် အုပ်ချုပ်ရေးမှူးကို အရေးယူပေးရန် တောင်းဆို
DVB
·
June 10, 2017
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်ထဲက ဝက်လဟာ ကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူးက လယ်သမားတွေအတွက် မျိုးစပါးဖိုး ထောက်ပံ့တဲ့ငွေကို အလွဲသုံးစားလုပ်ထားလို့ အရေးယူပေးဖို့ လယ်သမားတွေက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကို တိုင်တန်းထားပါတယ်။

၂၀၁၆ -၂၀၁၇ ခုနှစ်အတွင်းက ရေကြီးနစ်မြုပ်ကာ ပျက်စီးသွားတဲ့ လယ်သမားတွေရဲ့ စိုက်ပျိုးဧကတွေအတွက်  မျိုးစပါးဖိုး ဆိုပြီး ၁ ဧက ၁ သောင်းကျပ်နှုန်းနဲ့ နိုင်ငံတော်သမ္မတ အထူးရန်ပုံငွေကနေ မေလထဲမှာ ထောက်ပံ့ပေးအပ်ခဲ့ကြပါတယ်။

"ကျနော်တို့က ပွင့်လင်းမြင်သာစေချင်တာ ခုဟာ စာရင်းအရ ပေးထားပြီ။ ငွေတကယ် ပေးတော့ ကွာနေတယ်ဗျာ၊ အဲဒါ ပထမအကြိမ် မြို့နယ်ထွေအုပ်တို့၊ စိုက်ပျိုရေးတို့ကို သွားပြောတော့ အတင်းလိုက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးက ငွေပေးတယ်၊ အချို့ကလည်း ယူတာပေါ့၊ အချို့ကတော့ လုံးဝမယူဘူး။ ဒါပြည်သူ့ဝန်ထမ်းက ပေးအပ်ထားတဲ့ငွေကို အလွဲသုံးစားလုပ်တာပဲ။ အဲလို အလွဲသုံးစားလုပ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးကို အရေးယူပေးဖို့ စာတင်တိုင်တန်းထားတယ်။ ထိရောက်စွာ အရေးယူပေးစေချင်တယ်၊ ဖြုတ်ကို ပစ်ရမှာ” လို့ ဝက်လဟာအုပ်စု ကညင်တပင်ကျေးရွာလယ်သမား ကိုကျော်ကျော်က ပြောပါတယ်။

တိုင်စာစစ်ဆေးနေတဲ့ အင်္ဂပူမြို့နယ် စိုက်ပျိုးရေးဦးစီးအရာရှိ ဦးခင်မောင်စန်းကတော့ "ကျနော်တို့ စစ်ဆေးတွေ့ရှိချက်မှာ အလွဲသုံးစားလုပ်ထားတာတွေ ပေါ်ပေါက်နေတဲ့အတွက် ခု အုပ်ချုပ်ရေးမှူးကို မထားသင့်ပါဆိုပြီး မှတ်ချက်ရေးတင်မှာပါလို" ပြောပါတယ်။

အင်္ဂပူမြို့နယ်အတွင်းမှာ ဧက ၂ သောင်းကျော်အတွက် ထောက်ပံ့ပေးတာပါ။ ခု ပြဿနာဖြစ်ပေါ်နေတဲ့ ဝက်လဟာ အုပ်စုကတော့ ၁၀၉ ဧကအတွက် ထောက်ပံ့ပေးခဲ့တာပါ။

သတင်း - သန်းထိုက်မြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013