DVB Logo
Home
မြန်မာသတင်း
မြိတ်တွင် ၁၅ နှစ်အရွယ် သမီးဖြစ်သူအား အဓမ္မပြုကျင့်သည့် ဖခင်ကို ဖမ်းဆီး
DVB
·
June 10, 2017
Donate to DVB

မြိတ်မြို့နယ်၊ ကျောက်ဖျာကျေးရွာမှာ သမီးဖြစ်သူကို အဓမ္မပြုကျင့်တဲ့ ဖခင်ကို ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးလိုက်ပါတယ်။

မြိတ်မြို့နယ်၊ ကျောက်ဖျာကျေးရွာမှာ တံငါလုပ်ငန်းလုပ်ကိုင်နေသူ မိသားစုမှ အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်ဟာ ဇွန်လ ၉ ရက်နေ့က နာမကျန်းဖြစ်လို့ ဆေးခန်းသွားရောက်ပြသရာ ကိုယ်ဝန် ၇ လရှိနေတယ်လို့ သိရှိခဲ့ရပါတယ်။

မိန်းကလေးမှာ အိမ်ထောင်မရှိတဲ့အတွက် ရွာကို ပြန်ရောက်ချိန်မှာ မိခင်က မေးမြန်းရာ အဆိုပါကိုယ်ဝန်မှာ ဖခင်ဖြစ်သူက အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တာဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

မိခင်ဖြစ်သူက ခင်ပွန်းကို အရေးယူပေးဖို့ တိုင်တန်းလာတာကြောင့် မြိတ်မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေ ကျောက်ဖျာကျေးရွာမှာ သွားရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

တရားခံအား သွားရောက် ဖမ်းဆီးရာမှာ လိုက်ပါသွားသူ ဒေါ်ရှင်ဌေးက “သွားဖမ်းဆီးတော့ ကျမတို့ လိုက်သွားတယ်။ သွားဖမ်းတဲ့အချိန်မှာ အိမ်မှာမရှိဘူး။ အိမ်ရဲ့နောက်ဘက် ကပ်နေတဲ့ မိခင်ဖြစ်သူ အိမ်မှာ ဝင်ရောက်ပုန်းအောင်းနေတယ်လို့ ဒေသခံတွေက ပြောပြကြတယ်။ ရဲတပ်ဖွဲ့တွေ အိမ်တံခါးဖွင့်ပေးဖို့ ပြောပေမယ့် သူ့မိခင်က မဖွင့်ပေးဘူး။ နောက်ဆုံး တံခါးဖျက်ပြီး ဝင်ရှာမှ အိပ်ခန်းထဲမှာ ပုန်းနေတဲ့ အဲဒီမုဒိမ်းကျင့်တဲ့ ဖခင်ဖြစ်သူကို မိသွားတယ်။ သမီးဖြစ်သူက တကြိမ်ပဲ အဓမ္မပြုကျင့်ခံရတယ်လို့ ပြောပေမယ့် အဲဒီမုဒိမ်းကျင့်တဲ့ ဖခင်ဖြစ်သူက ၄ ကြိမ်ထက်မနည်း ပြုကျင့်ခဲ့တယ်လို့ ပြောခဲ့တယ်” လို့ ပြောကြားခဲ့ပါတယ်။

အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အမျိုးသမီးငယ်ရဲ့မိခင်ဖြစ်သူ ဒေါ်ခိုင်ခင်ဦးက တရားလိုပြုလုပ် တိုင်တန်းပြီး မြိတ်မြို့မရဲစခန်းမှ (ပ) ၁၁၈၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း - မြတ်ထွဋ်(မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013