DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်မှာ ယခုနှစ် သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များ
DVB
·
June 10, 2017
ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်မှာ ယခုနှစ် သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များ
Donate to DVB

အခုနှစ် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားတာဟာ ရန်ကုန်တိုင်းဒေသကြီးက အများဆုံး ဖြစ်နေပြီး ရခိုင်ပြည်နယ်မှာ ဒုတိယအများဆုံး ဖြစ်ပွားနေတယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဇွန် ၉ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ် ပြောဆိုသွားပါတယ်။

လက်ရှိအချိန်ထိ ရန်ကုန်တိုင်းမှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူဦးရေ ၁၄၀၀ ကျော် ရှိနေပြီး ရခိုင်ပြည်နယ်မှာတော့ ရောဂါဖြစ်ပွားသူဦးရေ ၄၀၀ ကျော် ရှိနေတာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူဦးရေဟာ မနှစ်ကထက် ၂ ဆမြင့်တက်နေပြီး သေဆုံးသူဦးရေ ၉ ဦးထိ ရှိနေတာပါ။ သေဆုံးသူ အများစုဟာ အသက် ၅ နှစ်က ၉ နှစ်အရွယ် ကလေးငယ်တွေ ဖြစ်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဟာ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပြီး အသက် ၁၅ နှစ်အောက် အရွယ်တွေမှာ ပိုပြီး အဖြစ်များပါတယ်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးမှာ သွေးလွန်တုပ်ကွေးရောဂါဟာ ဆိပ်ကြီးခနောင်တို မြို့နယ်မှာ အများဆုံး ဖြစ်နေပြီး လှိုင်သာယာ၊ တောင်ဒဂုံ၊ သာကေတ၊ ဒေါပုံ၊ ဒလ စတဲ့ မြို့နယ်တွေမှာလည်း အဖြစ်များနေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013