DVB Logo
Home
မြန်မာသတင်း
ပေါင်မြို့နယ် ရေငန်တားတမံပြိုကျပျက်စီးမှု ဒုသမ္မတ ကြည့်ရှုစစ်ဆေး
DVB
·
June 10, 2017
Donate to DVB

မွန်ပြည်နယ်၊ ပေါင်မြို့နယ် အလှပ်ကျေးရွာမှာ ပြိုကျပျက်စီးတဲ့ ရေငန်တားတမံကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ မွန်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံတို့ ဇွန် ၉ ရက်နေ့က လာရောက် ကြည့်ရှုသွားပါတယ်။

မွန်ပြည်နယ်ဆည်မြောင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းနိုင်က မေ ၂၇ ရက်နေ့က ဖြစ်ပေါ်ခဲ့တဲ့ မိုရာဆိုင်ကလုံးမုန်တိုင်းအရှိန်ကြောင့် အလှပ်ကျေးရွာနဲ့ ထိစပ်နေတဲ့  ပင်လယ်ပြင်မှာ  မိုးသည်းထန်းတာ၊ မုန်တိုင်းဒီရေအမြင့်ဟာ ပုံမှန်ရေပြင် မျက်နှာပြင်အထက် ၁၀ ပေလောက်အထိ မြင့်တက်ပြီး ရိုတ်ခတ်ခဲ့ခြင်းတို့ကြောင့် အလှပ်ပင်လယ်ရေငန်တားတမံ ပင်လယ်ဘက်ကမ်းအခြမ်းမှာ ပြိုကျပျက်စီးခဲ့တာလို့ တွေ့ဆုံပွဲမှာ ရှင်းလင်းတင်ပြခဲ့ပါတယ်။

အလှပ်ကျေးရွာသည် ပေါင်မြို့နယ်အတွင်း တည်ရှိပြီး ပင်လယ်ဒီရေလှိုင်း ရိုက်ခတ်ဝင်ရောက်မှုကို တိုက်ရိုက်ခံစားနေရတဲ့ ဒေသဖြစ်ကာ နေ့စဉ် ဒီရေ အတက် အကျ ၂ ကြိမ်ရှိပြီး လပြည့်၊ လကွယ်ရက်တွေမှာ ဒီရေ အတက် အကျ ကြမ်းကာ ဒီရေတက်ကြမ်းချိန် မုန်တိုင်းတိုက်ခတ်ချိန်နဲ့ တိုက်ဆိုင်ပါက လေတိုက်နှုန်းမှာ မိုင် ၅၀ အထက်ရှိတယ်လို့ ဆိုပါတယ်။

အဆိုပါရေငန်တားတမံကို မွန်ပြည်နယ်အစိုးရ ဘတ်ဂျတ် ငွေကျပ်သိန်း ၄၅၆၀ အကုန်ကျခံပြီး ဆည်မြောင်းဦးစီးဌာနက ဒီနှစ် ဖေဖော်ဝါရီလမှ စတင်ဆောက်လုပ်ကာ ဧပြီလမှာ ပြီးစီးခဲ့ပါတယ်။ အခုနှစ် မေလ ၂၇ ရက်နေ့ ညနေပိုင်းမှာတော့ ပြိုကျပျက်စီးခဲ့ပါတယ်။

သတင်း -  ယူမင်းစိုး၊ ဓာတ်ပုံ - သက်ဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013