DVB Logo
Home
မြန်မာသတင်း
ဖြူးမြို့ပြည်သူ့ဆေးရုံ၏ ထိုးဆေးကြောင့် လူနာသေဆုံးဟု မိသားစုဝင်ပြော (ရုပ်သံ)
DVB
·
June 10, 2017
Donate to DVB


ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့ အမျိုးသမီးတဦး ဆေးထိုးမှားလို့ ဇွန် ၉ ရက်နေ့ မနက် ၈ နာရီခွဲအချိန်လောက်မှာ သေဆုံးသွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

"အကောင်းကြီးပဲ၊ ခုတင်နားပတ်ဝန်းကျင်က လူတွေလည်း သိတယ်၊ အကောင်းကြီး လျှောက်သွားနေတာ။ ဆီချို၊ သွေးချိုလည်း မရှိဘူး၊ ၆ နာရီ ၂၅ မိနစ်လောက်မှာ သူနာပြုဆရာမအနီမက ဒီလက်ထဲကို ဆေးလာထည့်တော့ ဆေးက အမြှုပ်ထနေလို့လား မသိဘူး၊ အမေ့ကို ဆလင်းလေးကို ဒီလိုယမ်းနေ ဆိုပြီးပေးထားခဲ့တယ်။ ပြီးတော့မှ သူ ပြန်လာပြီး ထိုးသွားတာ။ ဆေးရုံကို ၅ ရက်နေက စတက်တာ၊ လက်ထဲမှာထည့်ထားတဲ့ စတီးရိုးလွဲလို့ ပြန်တက်တာ” လို့ သေဆုံးသူရဲ့ သမီးဖြစ်သူ မအေးအေးငြိမ်းက ဒီဗွီဘီကို ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြူးမြို့နယ်ဆေးရုံကို ဒီဗွီဘီက သွားရောက်မေးမြန်းရာမှာ “လောလောဆယ်မှာတော့ အဆုတ်ထဲမှာ ရေတွေအများကြီး တွေ့တယ်။ လူနာရှင်ကိုလည်း ခေါ်ပြလိုက်တယ်။ ရုတ်တရက် ရှော့ခ်ရပြီးရင်လည်း ဆုံးတတ်တယ်။ နောက်တခုက အထဲထဲမှာ အဖတ်ကလေးတွေ ရှိတယ်ဆိုတော့ အဖတ်ကလေးတွေက တခါတခါကျရင် အရိုးကျိုးရင် အရိုးထဲမှာရှိတဲ့ ခြင်ဆီတွေက အပြင်ကို ထွက်တတ်တယ်။ အဲဒါတွေက နှစ်ပေါင်းများစွာ ထွက်ပြီးတော့ အဆုတ်ကို ပိတ်လာရင်လည်းပဲ သူက ဒီလိုမျိုးနဲ့ ဆုံးတတ်တယ်။ ဒါကြောင့်မို့လို့ အရင်ခွဲရမယ်။ ဆေးကတော့ ရေနဲ့ဖျော်ရတယ်။ အပျစ်ပေါ့။ ဒီအတိုင်းပဲ အကုန်လုံး လှုပ်ရတာပဲ။ ဆေးမတည့်တာဖြစ်ဖို့ ပိုပြီးတော့ များတာပေါ့နော်။ သူက ခန္ဓာကိုယ်က ဒီဆေးကို တုံ့ပြန်တိုက်တဲ့ဟာက လူ ၁ သန်းမှာ တယောက်၊ ၁ သိန်းမှာ တယောက်က ဝုန်းဆို စပြီးတော့ပေါက်ပြီး ဒီလိုမျိုး ရှော့ခ်ရပြီး သေတတ်တဲ့ ဖြစ်စဉ်တွေက ဖြစ်တတ်ပါတယ်။ အဲဒီတော့ ကံမကောင်းတဲ့သူထဲမှာ ပါသွားတာတော့ စိတ်တော့မကောင်းဘူး။ လူနာအတွက် ထိုးတဲ့ဆေးကတော့ ဆီဖက်တဇင်းကို ထိုးတာ။ ဆီဖက်တဇင်းကလည်း မည်သည့်ဆေးကိုမဆို ဆေးရုံမှာထိုးတယ်ဆိုရင် အကုန်လုံးက တက်စ်လုပ်ပြီးမှ ထိုးပါတယ်။ လွန်ခဲ့တဲ့ ၃ ရက်ကစပြီးတော့ ဒီဆေးကို တက်စ်လုပ်ပြီးတော့ ထိုးတယ်။ တည့်လို့လည်း ထိုးခဲ့တာ။ ဒီနေ့ကျမှ ဖြစ်တယ်လို့ဆိုပြီး လူနာရှင်ဘက်က စွပ်စွဲတာပေါ့။  ဆေးတိုင်းကတော့ အန္တရာယ်ရှိတယ်။ ဆေးက ပိုးသတ်ဖို့ သုံးတယ်။ သုံးပြီး တချိန်တည်းမှာပဲ ဆေးကို ခန္ဓာကိုယ်က ပြန်ပြီးခုခံတဲ့စနစ်၊ တိုက်တဲ့စနစ်က ပြန်ပေါ်လာတယ်။ ပြန်ပေါ်လာတဲ့ဟာက ရုတ်တရက် အမြန် ပေါက်ကွဲ full bloom ဖြစ်ရင် သူက ရှော့ခ်နဲ့ ဒီလိုပြပြီး ဆုံးတတ်ပါတယ်” လို့ ယာယီဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမြင့်က ပြောပါတယ်။

ဆေးကြောင့် သေဆုံးသူမှာ ရွာမရပ်ကွက်၊ ကညွတ်ကွင်းမြို့နေသူ  ဒေါ်အေးဝင်း (၅၁ နှစ်) ဖြစ်ပြီး လွန်ခဲ့တဲ့ သုံးနှစ်လောက်က ညာဘက်လက်မောင်းအတွင်း ထည့်ထားတဲ့ စတီးရိုး လွဲသွားတာကြောင့် ပြန်လည်ခွဲစိတ်ဖို့ ဆေးရုံတက်ကုသနေသူ ဖြစ်ပါတယ်။

သေဆုံးသူကို နောက်ဆုံးထိုးခဲ့တဲ့ ဆေးက CEFZID-1000 ဆေးဖြစ်ကာ ဆေးထိုးပြီး အသားတွေ ပြာနှမ်းလာကာ ၅ မိနစ်အတွင်း သေဆုံးသွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကညွတ်ကွင်းနယ်မြေ ရဲတပ်ဖွဲ့စခန်းမှ သေမှုသေခင်းအမှတ်စဉ် ၄/၂၀၁၇ အရ အမှုဖွင့်လှစ်ထားပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးနေတယ်လို့ ကညွတ်ကွင်းနယ်မြေရဲတပ်ဖွဲ့စခန်းက ပြောပါတယ်။

သတင်း - ကျော်အောင် (ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013