DVB Logo
Home
မြန်မာသတင်း
တန်ဖိုးနည်းအိမ်ရာ ဝယ်ယူမှု ပေးသွင်းငွေ ၃၀ မှ ၂၀ ရာခိုင်နှုန်းအထိ လျှော့ချရန် စီစဉ်
DVB
·
June 10, 2017
Donate to DVB

တန်ဖိုးနည်း အိမ်ရာဝယ်ယူဖို့အတွက် ပေးသွင်းရတဲ့ ပထမအရစ် ၃၀ ရာခိုင်နှုန်းကို ၂၀ ရာခိုင်နှုန်းအထိ လျှော့ချသွားဖို့ စီစဉ်နေတယ်လို့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်က ပြောကြားလိုက်ပါတယ်။

အိမ်ရာဖွံ့ဖြိုးရေးဘဏ်ရဲ့ အိမ်ရာချေးငွေဌာန လက်ထောက်မန်နေဂျာ ဦးလှမျိုးတင့်က အိမ်ခြံမြေပြပွဲ ၂၀၁၇ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

လက်ရှိ ပထမအရစ်ကျ ၃၀ ရာခိုင်နှုန်း ပေးသွင်းရတာဟာ မိသားစုဝင်ငွေ သုံးသိန်းအထက်ရှိမှ ဖြစ်နိုင်မယ့် အခြေအနေမျိုးရှိတဲ့အတွက် ၂ သိန်းအောက် မိသားစုတွေ အိမ်ပိုင်ဆိုင်နိုင်ဖို့ စီစဉ်တာဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒါပေမယ့် နိုင်ငံတော်အစိုးရနဲ့ အခြားပြည်ပအဖွဲ့အစည်းတွေက ချေးငွေတွေ ရရှိဖို့လိုတယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013