DVB Logo
Home
မြန်မာသတင်း
မင်းပြားမြို့နယ်တွင် အမည်မသိ လူ ၃ ဦးက စက်လှေတစီးကို ဓားပြတိုက်
DVB
·
June 10, 2017
Donate to DVB

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ လောင်းမီးကျေးရွာအနီး စက်လှေတစီး ရပ်နားနေတဲ့ အချိန်မှာ အမည်မသိလူ ၃ ဦးက တုတ်၊ ဓားလက်နက်တွေ ကိုင်ဆောင်ပြီး ဓားပြတိုက်မှုတခု ဖြစ်ပွားခဲ့ပါတယ်။

ဇွန် ၈ ရက်နေ့ မနက် ၂ နာရီအချိန်ဝန်းကျင်က မြောက်ဦးမြို့ ဝသဲရပ်ကွက်နေသူ ဦးညွန့်သာအောင်ဟာ မင်းပြားမြို့နယ်၊ လောင်းမီးကျေးရွာအနီးမှာ စက်လှေကို ရပ်နားပြီး အိပ်စက်နေချိန်မှာ အမည်မသိလူ ၃ ဦး စက်လှေအနီးကို ရောက်ရှိလာကာ ဓားထောက်ပြီး ပစ္စည်းတွေကို လုယူသွားတာပါ။

အခုကိစ္စနဲ့ပတ်သက်ပြီး မင်းပြားမြို့မရဲစခန်းမှ အရာရှိတဦးက တရားခံတွေကို ဖမ်းဆီးရရှိနိုင်ရေး အပူတပြင်း လိုက်လံရှာဖွေနေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ မင်းပြားရဲစခန်း၊ မြောင်းဘွေရဲစခန်းတို့နဲ့ ပူးပေါင်းပြီးတော့ လိုက်လံရှာဖွေနေပါတယ်။ ဓားပြတိုက်ခံရတဲ့ တရားလို့ကတော့ တိုက်သွားတဲ့သူက သုံးယောက်လို့ ပြောပါတယ်။ အိပ်နေတဲ့အချိန်မှာ လူသုံးဦးက စက်လှေပေါ် တက်လာတယ်။ အဲဒီမှာ နှစ်ယောက်က ဓားနဲ့ ထောက်ထားတယ်။ နောက်တယောက်က စက်လှေ ချည်ထားတာကို ဖြုတ်တယ်။ ဖြုတ်နေတဲ့အချိန် နောက်ထပ်တဦးက ထပ်ကူတယ်။ အဲ့ဒီမှာ စက်လှေသမားက ရုန်းထွက်ပြီး ရေထဲခုန်ချတာ။ ဖမ်းဆီးရရှိနိုင်ဖို့ အပူတပြင်းလိုက်ရှာနေပါတယ်။"

အမည်မသိလူ ၃ ဦးဟာ တုတ်၊ ဓား လက်နတ်တွေကို ကိုင်းဆောင်ပြီး စက်လှေပေါ်မှာ ပါလာတဲ့ တရုတ်နိုင်ငံထုတ် ရေစုပ်စက်ငယ်တလုံး၊ မျှင်တံပါ စက်တလုံး စုစုပေါင်းတန်ဖိုး ကျပ် ၅၅၀,၀၀၀ လောက်ကို ဖြုတ်ယူသွားတယ်လို့ မင်းပြားမြို့မရဲစခန်းက ဆိုပါတယ်။

ဦးညွန့်သာအောင်ဟာ စက်လှေပေါ်က ခုန်ချလိုက်ရာမှ လွတ်မြောက်လာခဲ့ပြီး မြောင်းဘွေရဲစခန်းကို တိုင်တန်းခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက စက်လှေကို လိုက်လံရှာဖွေစဉ်မှာ ငပုဂွကျေးရွာအနီး စက်လှေ ပြန်လည်တွေ့ရှိခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးကလည်း သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် အခုဖြစ်စဉ်နဲ့ပတ်သက်လို့ ဖြစ်ပွားခဲ့နေရာတွေ နီးစပ်တဲ့ကျေးရွာတွေကို ရဲတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး ကွင်းဆင်းစုံစမ်းစုံစစ်ဆေးနေလို့ မင်းပြားမြို့မရဲစခန်းက ရဲအုပ်တင်ရွှေက ဒီဗွီဘီကို ပြောပါတယ်။

အခုကိစ္စနဲ့ပတ်သတ်လို့ မင်းပြားမြို့မရဲစခန်းက (ပ)၈၈/ ၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၈၂ အရေးယူ ဆောင်ရွက်နိုင်ရေး လုပ်ဆောင်နေတယ်လို့ မင်းပြားမြို့မရဲစခန်းက ပြောပါတယ်။


သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013