DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားဒေသများ၌ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ရပ်တန့်ရန် တိုကျိုမြို့တွင် ဆန္ဒပြ
DVB
·
June 9, 2017
Donate to DVB

မြန်မာ့တပ်မတော်အနေနဲ့ တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင် တိုက်ခိုက်နေတာကို ချက်ချင်းရပ်တန့်ပြီး တပ်ရင်းတပ်ဖွဲ့တွေ ရုပ်သိမ်းသွားဖို့ တိုကျိုမြို့ မြန်မာသံရုံးရှေ့မှာ ဂျပန်ရောက် တိုင်းရင်းသားတွေက ဇွန်လ ၉ ရက် ညနေက ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြလှုပ်ရှားမှုကို ဦးဆောင်သူတဦးဖြစ်တဲ့ ကေအန်အို ဂျပန်ဥက္ကဋ္ဌ ဦးဟောဝါးဇော်လက “ပြည်သူတွေ အားပေးထောက်ခံတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရဲရဲဝံ့ဝံ့နဲ့ ငြိမ်းချမ်းရေးကို လုပ်စေချင်လို့ လာရောက်တိုက်တွန်းတာ" လို့ ပြောပါတယ်။

ကေအန်အို တိုကျိုလူငယ်ရေးရာတာဝန်ခံ LW ဂျာဝမ်ကတော့ “ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေ စစ်ဘေးရှောင်စခန်းတွေမှာ အခက်အခဲမျိုးစုံ ကြုံနေရပြီး အသက်ဆုံးရှုံးမှုတွေ ရှိနေပြီး ဘဝလုံခြုံမှုတွေ ရရှိစေချင်လို့ အခုလို လာရောက်တောင်းဆိုတာ" လို့ ပြောပါတယ်။

နှစ် ၇၀ ကျော်ကြာ ပြည်တွင်းစစ်ကို ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်မှာ အပြီးတိုင် ရပ်တန့်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပလောင်တိုင်းရင်းသား မိုင်ကျော်ဦးက ပြောပါတယ်။

ကချင်ဒေသမှာ ၆ နှစ်ကြာ ပြန်လည်ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်တန့်ဖို့ တောင်းဆိုတဲ့ တိုကျိုမြို့က ဆန္ဒပြပွဲမှာ ဂျပန်နိုင်ငံရောက် ကချင်တိုင်းရင်းသားတွေ အပါအဝင် မြန်မာနိုင်ငံသား ၁၀၀ ကျော် ပါဝင်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013