DVB Logo
Home
မြန်မာသတင်း
ပျက်ကျ Y-8 လေယာဉ်ပေါ်ပါ ရုပ်အလောင်း ၁၀ လောင်းကို မီးသင်္ဂြိုဟ် (ရုပ်သံ)
DVB
·
June 9, 2017
Donate to DVB


ပျက်ကျသွားတဲ့ တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်ပေါ် ပါသွားသူတွေထဲက ရုပ်အလောင်း ၁၀ လောင်းကို ဒီနေ့ မီးသင်္ဂြိုဟ်ခဲ့ပါတယ်။

တပ်မတော်လေ မိသားစုဝင်တွေ အတည်ပြပြီးဖြစ်တဲ့ ကလေး ၂ ဦး အပါအဝင် အမျိုးသမီး ၈ ဦး၊ စုစုပေါင်းရုပ်အလောင်း ၁၀ လောင်းကို ဒီနေ့ မွန်းလွဲ ၂ နာရီခွဲမှာ ထားဝယ်မြို့ တပ်မတော်ခုတင် ၁၀၀ ဆေးရုံကနေ ဇဟာသုသာန်ကို ပို့ဆောင်မီးသင်္ဂြိုဟ်ခဲ့တာလို့ ဒီဗွီဘီ နယ်ခံသတင်းထောက်က ပြောပါတယ်။

ပျက်ကျသွားတဲ့ တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်ပေါ် ပါသွားသူတွေရဲ့ ကျန်ရစ်သူမိသားစုဝင်တွေကို  နာရေးကိစ္စရပ်တွေ ဆောင်ရွက်ဖို့ ဒီကနေ့ တပ်မတော်လေယာဉ်တွေနဲ့  ပို့ဆောင်ပေးနေပါတယ်။

ဘုတ်ပြင်းမြို့က မိသားစုဝင်တွေကို လေယာဉ်နဲ့ ပို့ဆောင်ပေးရာမှာ ဒီကနေ့ မနက် ၉ နာရီမှာ  မြိတ်မြို့သို့ ရောက်ရှိလာကြပြီး  မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှ မိသားစုဝင်တွေကလည်း  ရန်ကုန်မြို့မှ လေယာဉ်နဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပါတယ်။

ပင်လယ်ပြင်မှာ ရှာဖွေတွေ့ရှိတဲ့ ရုပ်အလောင်းတွေကို ဥပဒေရေးရာ ဆေးပညာကျွမ်းကျင်သူတွေက ဆေးဘက်ဆိုင်ရာ စစ်ဆေးကာ သက်ဆိုင်ရာ မိသားစုတွေက ကြည့်ရှုစစ်ဆေးခဲ့ပြီး ရုပ်အလောင်း ၁၆ လောင်းအား ရုပ်မည်အတည်ပြုနိုင်ခဲ့တယ်လို့ လည်းဆိုပါတယ်။

အမျိုးအမည်ခွဲခြားပြီး ရုပ်အလောင်းတွေကိုလည်း သက်ဆိုင်ရာ မိသားစုတွေ ရောက်ရှိချိန်မှာ နာရေးကိစ္စ ဆောင်ရွက်သွားမယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

သတင်းရုပ်သံ - ထွန်းကျော်မောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013