DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးနှစ်အဖြစ် လက်တွေ့အကောင်အထည်ဖော်ရန် ကချင်စစ်ဘေးရှောင်များ တောင်းဆို
DVB
·
June 9, 2017
Donate to DVB

၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် အစိုးရခေါင်းဆောင်တွေက သတ်မှတ် ပြောကြားခဲ့တဲ့အတိုင်း လက်တွေ့ အကောင်အထည်ဖော်ဖို့နဲ့ နိုင်ငံရေးပြဿနာကို စစ်ရေးနဲ့ မဖြေရှင်းဘဲ နိုင်ငံရေးနည်းလမ်းနဲ့ ညှိနှိုင်းဖြေရှင်းဖို့ ကချင်စစ်ဘေးရှောင်တွေက  တောင်းဆိုပါတယ်။

ကချင်ပြည်နယ်မှာ စစ်ပွဲတွေတကျော့ပြန်ဖြစ်ပွားတဲ့ ၆ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် အခမ်းအနား ကျင်းပရေးအဖွဲ့က  ဇွန်လ ၉ရက်မှာ  သဘောထားထုတ်ပြန် တောင်းဆိုလိုက်တာပါ။

ကချင်ဒေသမှာ ၂၀၁၁ ဇွန် ၉ ရက်နေ့ကစပြီး တိုက်ပွဲတွေဟာ ယနေ့ကာလအထိ အပြင်းအထန် ဖြစ်ပွားဖြစ်တာကြောင့် ကချင်ဒေသမှာရှိတဲ့ ပြည်သူတွေအနေနဲ့ နေအိမ် စည်းစိမ်တွေ ဆုံးရှုံး၊ လယ်ယာမြေတွေပျက်စီးပြီး အပြစ်မဲ့ ပြည်သူတွေ သတ်ဖြတ်ခံရ၊ မတရားဖမ်းဆီးနှိပ်စက်ခံနေသလို  အမျိုးသမီးတွေ အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားခံနေရတယ်လို့ လည်းဆိုပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးအပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြီး ၁၉၄၇ ပင်လုံစာချုပ်ကို အခြေခံတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု အခြေခံဥပဒေသစ် ပေါ်ထွန်းလာရေးအတွက် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

ကချင်ပြည်နယ်စစ်ပွဲတွေကြောင့် စစ်ရှောင်ဒုက္ခသည်ပေါင်းဟာ ဘာသာရေးကျောင်းတွေမှာ၂၀၀၀၀ ခန့်၊ ကေအိုင်အိုနယ်မြေမှာ ၅၀၀၀၀ခန့်နဲ့ တောထဲနဲ့ တရုတ်နိုင်ငံကို ထွက်ပြေးသူ ၁၀၀၀၀ ကျော်ရှိခဲ့ပြီး ယနေ့မှာတော့ စစ်ဘေးရှောင်သူပေါင်း ၁၂၀၀၀၀ကျော်ဝန်းကျင်အထိ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေဆဲပဲလို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013