DVB Logo
Home
မြန်မာသတင်း
ဘီကီနီဝတ် Miss Earth Myanmar 2017 ပြိုင်ပွဲဝင် လှပျိုဖြူများ၏ အလှကောက်ကြောင်းများ (ဓာတ်ပုံ)
DVB
·
June 9, 2017
ဘီကီနီဝတ် Miss Earth Myanmar 2017 ပြိုင်ပွဲဝင် လှပျိုဖြူများ၏ အလှကောက်ကြောင်းများ (ဓာတ်ပုံ)
1 / 27
Donate to DVB

Miss Earth Myanmar 2017 အလှမယ်ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့် ရွေးချယ်ပွဲကို လာမယ့် ဇွန် ၂၄ ရက်နေ့ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ ကျင်းပသွားဖို့ ရှိနေပါတယ်။

နိုင်ငံတဝန်း အလှမယ်ပေါင်း ၄၀၀ လောက်ထဲက ဆန်ခါတင်ပြိုင်ပွဲဝင် ၂၆ ဦးကို အဆင့်ဆင့် ဆန်ကာတင်ရွေးချယ်ပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲ ကျင်းပတာဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ ပရဟိတလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ရည်ရွယ်ပြီး ဒီပြိုင်ပွဲကို ကျင်းပတာလို့ သိရပါတယ်။

Missosology တရားဝင် ဖေ့စ်ဘွတ်ခ် အင်တာနက်စာမျက်နှာပေါ်မှာ ဖော်ပြထားခဲ့တဲ့ ဒီဓာတ်ပုံတွေထဲမှာတော့ ပြိုင်ပွဲဝင် မြန်မာအလှမယ် ၂၆ ဦးရဲ့ ဘီကီနီဝတ် အလှအပ ကောက်ကြောင်းတွေကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss Earth 2016 ပြိုင်ပွဲမှာတော့  မြန်မာအလှမယ် နန်းခိုင်ရွှေဝါဝင်းက အလှမယ်အချင်းချင်း မဲပေးရွေးချယ်ပြီး ချီးမြှင့်တဲ့ ဆု ၂ ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

သူရရှိခဲ့တဲ့ ဆုတွေကတော့ Miss Congeniality ကြေးတံဆိပ်ဆုနဲ့ Miss Photogenic ငွေတံဆိပ်ဆုတွေကို ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013