DVB Logo
Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်းတွင် လူကုန်ကူးခံရသော မြန်မာ ၁၇ ဦး ဖမ်းမိ
DVB
·
June 9, 2017
ထိုင်းတောင်ပိုင်းတွင် လူကုန်ကူးခံရသော မြန်မာ ၁၇ ဦး ဖမ်းမိ
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်းဖွန်းခရိုင် ချွန်းဖွန်းမြို့နယ် ဘန်မတ်ကျေးရွာအုပ်စုထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသား ၁၇ ဦး ဖမ်းဆီးရမိတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့က ဘန်မတ်ကျေးရွာအုပ်စု နယ်မြေ ၂ ရှိ စက်ရုံအလုပ်ရုံဟောင်း တခုတွင်း မသင်္ကာဖွယ်လူတစု ရောက်ရှိနေထိုင်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက အကြောင်းကြားလာတဲ့အတွက် တာဝန်ရှိသူတွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ချွန်းဖွန်းမြို့နယ် ဒု-အုပ်ချုပ်ရေးမှူး နန်းဆောင်ချာလိဆာ ချွန်းချရားက သတင်းထောက်ကို ပြောပါတယ်။

စစ်ဆေးချက်အရ အဲဒီအဆောက်အဦဟောင်းထဲမှာ အသက် ၁၅ နှစ်နဲ့ ၅၀ ကြားရှိ အမျိုးသား ၁၅ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ကို တွေ့ရပြီး အားလုံး မြန်မာမှတ်ပုံတင်ပဲရှိကာ ထိုင်းနိုင်ငံထဲဝင်ရောက်ခွင့် အထောက်အထား တစုံတရာ မရှိဘူးလို့ ဆိုပါတယ်။

သူတို့ကို ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ မြန်မာပွဲစားတဦးက သွားရောက်ဆက်သွယ်ခဲ့ကြောင်း၊ လူတဦးလျှင် ဘတ်ငွေ ၂ သောင်းစီနဲ့ ထိုင်းတောင်ပိုင်း ဆုန်ခလာ၊ ယလားနဲ့ ပတ္တနီ ၃ ခရိုင်မှာ ခွဲပြီး ဆောက်လုပ်ရေးနဲ့ ရေလုပ်ငန်းမှာ သွားလုပ်ဖို့ သဘောတူပြီး ရောက်လာတာလို့ ဘာသာပြန်မှတဆင့် ပြောပြပါတယ်။

သူတို့ဟာ မြန်မာဘက်ခြမ်း ကော့သောင်းကနေ လှေ ၁ နာရီကျော်စီးရပြီး ရနောင်းရောက်တော့ ထိုင်းလူမျိုးတဦးက ကားနဲ့လာခေါ်ကာ လမ်းမှာ ရဲတွေမရိပ်မိအောင် အလုံပိတ်မိုးကာအောက်မှာ လိုက်လာခဲ့ရတယ်လို့ ဆိုပါတယ်။

ချွန်းဖွန်းကို မနက် ၅ နာရီလောက်မှာ ရောက်လာကြပြီး သက်ဆိုင်ရာ လုပ်ငန်းခွင်တွေ သွားဖို့ နောက်တဆင့် လာခေါ်မယ့်သူတွေကို စောင့်ဆိုင်းနေစဉ် အခုလို ဖမ်းဆီးခံခဲ့ကြရတာ ဖြစ်ပါတယ်။

ချွန်းဖွန်းခရိုင်ထဲမှာ ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့ကလည်း အလားတူပုံစံနဲ့ ရောက်လာတဲ့ မြန်မာ အမျိုသား ၄၆ ဦး၊ အမျိုးသမီး ၁၃ ဦးတို့ကို ချွန်းဖွန်းမြို့ တတ်ဒဲတ်ရပ်ကွက်ထဲမှာ ဖမ်းဆီးရမိခဲ့သေးတယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013