DVB Logo
Home
မြန်မာသတင်း
Y-8 လေယာဉ်မှ ရုပ်အလောင်း ၃၁ လောင်းတွေ့ရှိ၊ လောင်းလုံအနီး ရှာဖွေကယ်ဆယ်ရေးမြင်ကွင်း (ရုပ်သံ)
DVB
·
June 9, 2017
Y-8 လေယာဉ်မှ ရုပ်အလောင်း ၃၁ လောင်းတွေ့ရှိ၊ လောင်းလုံအနီး ရှာဖွေကယ်ဆယ်ရေးမြင်ကွင်း (ရုပ်သံ)
Donate to DVB



ပျက်ကျသွားတဲ့ တပ်မတော်ပို့ဆောင်ရေးလေယာဉ် Y-8 မှ ပင်လယ်ပြင်ထဲ ရှာဖွေတွေ့ရှိတဲ့  ရုပ်အလောင်း စုစုပေါင်း ၃၁ လောင်းရှိနေပြီလို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

မနေ့ညပိုင်းအထိတွေ့ရှိတဲ့ ရုပ်အလောင်းတွေထဲမှာ အမျိုးသားရုပ်အလောင်း ၂ လောင်း၊ အမျိုးသမီး ရုပ်အလောင်း ၂၁ လောင်း၊ ကလေးရုပ်အလောင်း ၈ လောင်း ပါဝင်တယ်လို့ ဆိုပါတယ်။

တပ်မတော်လေယာဉ်ပျက်နဲ့ ပတ်သက်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို  တနင်္သာရီတိုင်း လောင်းလုံမြို့နယ် ဘုတ်ကျွန်းနဲ့ ပဲ့ဇင်ကျွန်းအနီးမှာ အပူတပြင်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

လက်ရှိ ပင်လယ်ပြင်အတွင်း ရာသီဥတုဟာ လှိုင်းအမြင့် ၂ ဒသမ ၅ မီတာရှိပြီး ဆိုးရွားနေပေမယ့် တပ်မတော်(ရေ) မှ စစ်ရေယာဉ် ၈ စီးနဲ့ ဒေသခံ ငါးဖမ်းစက်လှေ အစီး ၂၀ တို့ ပူးပေါင်းပြီး ငါးဖမ်းပိုက်တွေနဲ့ ရှာဖွေတာ အပါအဝင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

တပ်မတော်လေယာဉ်ပေါ်မှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် အရာရှိ၊ စစ်သည်နဲ့  လေယာဉ်အမှုထမ်းပေါင်း ၁၂၂ ဦး လိုက်ပါသွားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013