DVB Logo
Home
မြန်မာသတင်း
မြောက်ဦးတွင် ရှေးဟောင်းဘုရား ၄ ဆူ တွေ့ရှိ
DVB
·
June 9, 2017
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ မြတန်ဆောင်ဘုန်းတော်ကြီးကျောင်းအနီး တောင်ကုန်းတခုပေါ်မှာ ရှေးဟောင်းဘုရား ၄ ဆူ တွေ့ရှိခဲ့ပါတယ်။

ဇွန် ၈ ရက်နေ့ ၁၂ နာရီဝန်းကျင်လောက်က အဲဒီဘုရား ၄ ဆူကို ဘုန်းကြီးကျောင်းက ကျောင်းသားလေးတွေ တောင်ကုန်းပေါ်မှာ ဆော့ကစားရင်းကနေ တွေ့ရှိခဲ့တာပါ။

ဘုရားတဆူရဲ့ ဦးခေါင်းပတ်လည်ဟာ ၄ ပေပတ်ဝန်းကျင် ရှိတယ်လို့ ယာယီ မြတန်ဆောင်ဆရာတော် ဦးပညာဇောတ(သဘာဝနတီ)က ဒီဗွီဘီကို မိန့်ပါတယ်။

“ဒီကနေ့ ၁၂ နာရီဝန်းကျင်လောက်က ကျောင်းက ကလေးတွေ ဆော့ကစားရင်း တွေ့တာပါ။ ခါတိုင်း အဲ့လို မတွေ့ဘူး။ ချုံတောထဲမှာ ဘုရား ၄ ဆူကို တွေ့တာ။ ဘုရားရဲ့ ဦးခေါင်းတော်တွေ မြေပေါ်မှာ ပေါ်နေပေမယ့် ဘုရားရဲ့ ခန္ဓာကိုယ်တွေ မြေကြီးပေါ်မှာ မြုပ်နေတယ်။ ဦးခေါင်းတော်ပဲ ဦးဇင်းတို့ မြင်ရတာဆိုတော့ ဉာဏ်တော် အနေအထားနဲ့ ပြောရရင်တော့ ဦးခေါင်းပတ်လည် ၃ ပေခွဲ ၄ ပေပတ်ဝန်းကျင်လောက် ရှိတယ်။ ဘုရားရဲ့ ဉာဏ်တော် ဘယ်လောက်မြင့်၊ ဘယ်လောက်ကြီးတယ် ဆိုတာကတော့ မြေကြီးမှာ မြုပ်နေတော့ သေချာ မပြောတတ်ဘူး။”

ဘုရားဆင်းတုတော်တွေဟာ ကျောက်ဆင်းတုတွေဖြစ်ပြီး အခုလို ကျောင်းပတ်ဝန်းကျင်အနီးမှာ တွေ့ရှိခဲ့တာဟာ ပထမဦးဆုံးအကြိမ် ဖြစ်တယ်လို့ ဆရာတော်က ပြောပါတယ်။

တွေ့ရှိခဲ့တဲ့ ဘုရား ၄ ဆူရဲ့ ပတ်ဝန်းကျင်တွေမှာ ချုံတောတွေကို ခုတ်ထွင် ရှင်းလင်းထားပြီး အခုလို ဘုးရားတွေ တွေ့ရှိခဲ့တဲ့အပေါ် မြောက်ဦး သက်ဆိုင်ရာဌာနကို တစုံတရာ အကြောင်းကြားထားတာ မရှိသေးဘူးလို့ ဆိုပါတယ်။

ရှေးဟောင်းမြို့တော်တခုဖြစ်တဲ့ မြောက်ဦးမြို့ဟာ ရှေးဟောင်းကမ္ဘာ့အမွေအနှစ်စာရင်းထဲကို လာမယ့် ၂၀၂၀ ပြည့်နှစ်မှာ အပြီးသတ် အမည်စာရင်း တင်သွင်းခံရနိုင်တယ်လို့ မေ ၁၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ပထမအကြိမ် အစည်းအဝေးမှာ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ပြောပါတယ်။

သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013