DVB Logo
Home
မြန်မာသတင်း
တပ်မတော်လေယာဉ်ပေါ်ပါသွားသူများအတွက် ၀မ်းနည်းကြောင်းအမေရိကန်နှင့် ကနေဒါပြောကြား
DVB
·
June 8, 2017
တပ်မတော်လေယာဉ်ပေါ်ပါသွားသူများအတွက် ၀မ်းနည်းကြောင်းအမေရိကန်နှင့် ကနေဒါပြောကြား
Donate to DVB

 

တပ်မတော်သယ်ယူပို့ဆောင်ရေးလေယာဉ် ထားဝယ်မြို့အနီး ပျောက်ဆုံးသွားခဲ့တဲ့ သတင်းကြောင့် များစွာစိတ်မကောင်းဖြစ်ရကြောင်း အမေရိကန်သံရုံးက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

လေယာဉ်ပေါ်ပါသွားကြတဲ့ ခရီးသည်တွေကို ရှာဖွေကယ်ဆယ်တဲ့လုပ်ငန်းတွေ အဆင်ပြေ ချောမွေ့ပါစေကြောင်း ဆုတောင်းနေတဲ့အပြင် ကြေကွဲဖွယ်ဖြစ်စဉ်ကြောင့် ထိခိုက်ခံစားရသူတွေနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်းလည်း အမေရိကန်သံရုံး ကြေညာချက်မှာ ဖော်ပြပါတယ်။

အလားတူ ကနေဒါဝန်ကြီးချုပ် ထရူးဒိုးကလည်း  စစ်သည်တွေနဲ့ မိသားစုတွေ သယ်ဆောင်လာ တဲ့  တပ်မတော်လေယာဉ်ပျက်ကျပြီး  စိတ်မကောင်းဖွယ်ရာ အသက်တွေဆုံးရှုံးခဲ့ရတဲ့ အတွက် ၀မ်းနည်းကြေကွဲရတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့စုံစဉ်ပြောကြားခဲ့ပါတယ်။

ပျောက်ဆုံးသွားတဲ့ Y-8 လေယာဉ်ကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နေရာမှာ ဒီနေ့ မွန်းလွဲ ၃ နာရီခွဲလောက်အထိ  ရုပ်အလောင်း ၂၉ လောင်းကို ရှာဖွေတွေ့ရှိထားပါတယ်။

ပင်လယ်ရေပြင်အတွင်းက ပြန်လည်ဆယ်ယူရတဲ့ ရုပ်အလောင်းတချို့ဟာ ကျန်ရစ်သူ မိသားစုတွေသာမက တွေ့မြင်ရသူတွေအတွက်ပါ များစွာ စိတ်နှလုံးမချမ်းမြေ့ဘွယ်ဖြစ်စေလို့ အဲဒီပုံတွေကို လူမှုကွန်ရက်အပါအ၀င် မည့်သည့် သတင်းဓာတ်ပုံအဖြစ်မျှ အသုံးပြုခြင်းမပြုဖို့  တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုတွေက အထူး မေတ္တာရပ်ခံထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013