DVB Logo
Home
Lead Story
ကျနော် ပြောချင်တဲ့ အရပ်ဘက် စစ်ဘက်ဆက်ဆံရေး (စာအုပ်အညွှန်း)
DVB
·
June 8, 2017
ကျနော် ပြောချင်တဲ့ အရပ်ဘက် စစ်ဘက်ဆက်ဆံရေး (စာအုပ်အညွှန်း)
Donate to DVB

ကျနော် ပြောချင်တဲ့ အရပ်ဘက် စစ်ဘက်ဆက်ဆံရေး

ရေး - ထွန်းဇော်ဌေး

မြန်မာယဉ်ကျေးမှုသုတေသနအသင်း

မြန်မာ့နိုင်ငံရေးလေ့လာမှုစာစဉ်(၁)

ပုံနှိပ်ခြင်း - ပထမအကြိမ်၊ အုပ်ရေ (၁၀၀၀)

ထုတ်ဝေသည့်ကာလ - ၂၀၁၇ ခုနှစ်၊ မေလ

တန်ဖိုး - ၁၀၀၀ ကျပ်

ထုတ်ဝေသူ - ပင်ဝါးရုံစာပေ၊ ဒေါ်အေးအေးပြုံး(မှတ်ပုံတင်အမှတ် - ၀၄၄၁၉)

အမှတ်၁၂၊ ဘလောက် ၉၁၊ နဝဒေးဥယျာဉ်အိမ်ရာ၊ လှိုင်သာယာမြို့နယ်။

မျက်နှာဖုံး - MCRS

စာမျက်နှာ - ၅၁

အရွယ် -

ကျနေယ် ဒီစာအုပ်ကို ဖတ်မိတဲ့အချိန်က နေပြည်တော်မှာ ဒုတိယအကြိမ် ပင်လုံညီလာခံကို ကျင်းပနေတဲ့အချိန် ဖြစ်ပါတယ်။ အများပြည်သူများနဲ့အတူ ကျနော်လည်း ညီလာခံအခြေအနေကို နားစွင့်နေမိတဲ့အချိန်ပါ။

‘စာရေးသူဟာ စာအုပ်ပထမပိုင်းမှာ စစ်ကြိုခေတ် ဗမာနိုင်ငံရေး နောက်ခံကားကို အကျဉ်းချုပ် တင်ပြထားပါတယ်။ အဲဒီနောက် ဂျပန်ခေတ်၊ သခင်အောင်ဆန်း ကျဆုံးပြီးနောက် မြန်မာနိုင်ငံပုံရိပ် ပြောင်းလာပုံ၊ ဖဆပလအလွန် စစ်ဘောင် သွတ်သွင်းခြင်းနဲ့ ခေတ်အဆက်ဆက် မြန်မာနိုင်ငံ ဖွဲ့စည်းပုံစစ်တပ်ရဲ့ တည်ရှိခဲ့မှုကို တင်ပြထားပါတယ်။ နောက်ပိုင်းတွေမှာတော့ အရပ်သားနိုင်ငံရေး ချည့်နဲ့သွားအောင် ကြံစည်လုပ်ကိုင်ပုံနဲ့ လက်ရှိအခင်းအကျင်းကို တင်ပြထားတာ တွေ့ရပါတယ်။

စာရေးသူဟာ သမိုင်းကို အပြစ်ဖို့ ကစားနည်း (Blame Game) လုပ်တဲ့နည်းနဲ့ ချဉ်းကပ်ထားတာ မဟုတ်ဘဲ၊ သမိုင်းအနည်ထိုင်ချိန်မှာ ရရှိတဲ့ အထောက်အထားနဲ့ လက်တွေ့ဖြစ်ပေါ်နေမှုအပေါ် အခြေပြုချဉ်းကပ်ခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ပြန်လည်ပြင်ဆင်ခွင့်မရတော့တဲ့ သွားလေသူတွေကို အပြစ်တင်လိုခြင်းထက် ပြင်ဆင်နိုင်ခွင့် ရှိသူတွေဟာ အရင်လိုလူတွေလို သမိုင်းကျိန်စာ မသင့်ရအောင် နှိုးဆော်လိုက်တဲ့စာအုပ်ပဲ ဖြစ်ပါတယ်။

သေချာတာကတော့ ဒီစာအုပ်ဟာ ခုလိုအချိန်မှာ  ပြည်သူတဦးချင်းစီရဲ့ ရင်ထဲ ကိန်းဝပ်နေသင့်တဲ့ အခြေခံစိတ်ဓာတ်ကို ကွက်ကွက်ကွင်းကွင်း ရေးထားတာ ဖြစ်ပါတယ်။

သားကြီးမောင်ဇေယျ (၂၉- ၀၅၀၂၀၁၇)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013