DVB Logo
Home
မြန်မာသတင်း
ကျိုက်ထိုတွင် ရထားနှင့်ကား တိုက်မိ
DVB
·
June 8, 2017
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာ၊ မုပ္ပလင်ဘူတာနဲ့ ကျိုက္ကသာဘူတာအကြား မီးရထားသံလမ်းကူးတွင် ဇွန်လ ၇ ရက်နေ့ မနက်က ဘီယာတွေ တင်လာတဲ့ကားနဲ့ မီးရထားတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိမ်ဇရပ်နယ်မြေ ရဲစခန်းက ပြောပါတယ်။

Beer Chang တွေ တင်ဆောင်မောင်းနှင်လာတဲ့ ယာဉ်ဟာ စစ်ဆေးရေးဂိတ်စခန်းကို ရှောင်ပြီး ရွာရထားလမ်းဖြတ်ချိန်မှာ တိုက်မိခဲ့တာပါ။

သိမ်ဇရပ်နယ်မြေရဲစခန်းမှ ရဲအုပ်တင်အောင်စိုးက “ဖြစ်တဲ့နေရာက ရထားသံလမ်းပိတ်တဲ့ တံခါး စမရှိတဲ့နေရာမှာ ဖြစ်တာ။ ယာဉ်မောင်းကတော့ ထွက်ပြေးနေတယ်။ ကားပေါ်ပါတဲ့ Beer Chang ပါကင် ၁၅၀ ကိုလည်း မရမ်းချောင်စစ်ဆေးရေး ဂိတ်မှာရှိတဲ့ အကောက်ခွန်ကို ပြန်အပ်သွားမှာပါ” လို့ ပြောပါတယ်။

စွပ္ပနူးကျေးရွာဘက်က မုပ္ပလင်ကျေးရွာဘက်ကို မောင်းနှင်လာတဲ့ Beer Chang တင်ဆောင်လာတဲ့ Super Custom အမျိုးအစား မော်တော်ယာဉ်ဟာ ရထားသံလမ်းကို ဖြတ်မောင်းချိန် ရန်ကုန်ကနေ မော်လမြိုင်ကို လာတဲ့ အမှတ် (၃၅) အဆန်ခရီးသည်တင် ရထားရဲ့ ဦးခေါင်းယာဘက်ခြမ်းကို တိုက်မိခဲ့တာလို့ ဆိုပါတယ်။

သိမ်ဇရပ်နယ်မြေရဲစခန်းက ထွက်ပြေးနေတဲ့ ယာဉ်မောင်းကို မီးရထားလုပ်ငန်း အက်ဥပဒေပုဒ်မ (၈၅) အရ အမှုဖွင့်ထားပါတယ်။

သတင်း - ယူမင်းစိုး၊ ဓာတ်ပုံ - ရဲစခန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013