DVB Logo
Home
မြန်မာသတင်း
၂၁ ရာစုပင်လုံညီလာခံတွင် ကေအန်ယူလက်မှတ်ထိုးခဲ့သည့်အပေါ် စိုးရိမ်ပူပန်
DVB
·
June 8, 2017
၂၁ ရာစုပင်လုံညီလာခံတွင် ကေအန်ယူလက်မှတ်ထိုးခဲ့သည့်အပေါ် စိုးရိမ်ပူပန်
Donate to DVB

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေး ရလဒ်ကို ပြည်ထောင်စုသဘောတူစာချုပ်အဖြစ် လက်မှတ်ရေးထိုးခဲ့တဲ့ အပေါ်စိုးရိမ်ပူပန်ကြောင်း  KNU-Concerned Group အဖွဲ့ကထုတ်ပြန်ပါတယ်။

စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်သွားနိုင်ဖို့ ပါဝင်သင့် ပါဝင်ထိုက်တဲ့အဖွဲ့အ စည်းအားလုံး ပါဝင်နိုင်တဲ့လမ်းကို ဖွင့်ပေးဖို့၊ ငြိမ်းချမ်းရေးဖြစ်စဉ်တခုလုံး ပြန်လည်သုံးသပ်ဖို့၊  ရေရှည် တည်တံ့ခိုင်မြဲတဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ အတွက် လွန်စွာ စိုးရိမ်ကြောင်းလည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

လက်မှတ်ရေးထိုးခဲ့တဲ့ ပြည်ထောင်စုသဘောတူစာချုပ်ဟာ ပါဝင်ရမည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်အားလုံး ပါဝင်ခွင့်မရှိခြင်း၊ တိုင်းရင်းသားနိုင်ငံရေး ပါတီတွေရဲ့ သဘောတူညီမှုကို သေချာစွာရယူမှုမရှိခြင်းနဲ့  ညီလာခံအတွင်း အပြန်အလှန် ညှိနှိုင်းဆွေးနွေး သဘာတူညီမှု ရယူခြင်း မဟုတ်ဘဲ အပေါ်စီး ဖိအားပေး ဆုံးခြတ်ချက် ပြုလုပ်ခဲ့တယ်လို့လည်း ဝေဖန်ထောက်ပြထားပါတယ်။

KNU-Concerned Group ပြောခွင့်ရသူ ပဒိုနော်စီဖိုးရာစိန်က လက်မှတ်ထိုးရာမှာ အန်စီအေ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေတောင် အခွင့်အရေးမတူညီတဲ့အတွက် ဒီငြိမ်းချမ်းရေးဖြစ်စဉ် ပြန်လည်သုံးသပ်ဖို့လိုနေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ပြည်ထောင်စုသဘောတူစာချုပ် ချုပ်ဆိုတဲ့အခါမှာ တိုင်းရင်းသားလုံးမပါဝင်ဘူး။ အန်စီအေ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့တွေအတွင်းမှာတောင် ကိုယ်စားမပြုဘူး။ ဘာကြောင့်လဲ ဆိုတော့ အဖွဲ့ ၆ ဖွဲ့ကပဲ ကိုယ်စားပြုထိုးတယ်။ ကျန်တဲ့ ALP နဲ့ RCSS ရဲ့ အသံတွေ မပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့က အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးခွင့်မရခဲ့လို့ ဖြစ်တယ်။ ဒီညီလာခံက ရခိုင်တိုင်းရင်းသားအသံလည်းမပါဘူး။ ရှမ်းကိုယ်စားပြုအသံလည်း မပါဘူး။ နောက်ပြီး အန်စီအေ လက်မှတ်မထိုးသေးတဲ့သူတွေရဲ့အသံလည်းပါဘူး။ ”

အန်စီအေစာချုပ် အတိုင်းသွားရမယ်လို့ ပြောဆိုထားပေမယ့် ဒီဖြစ်စဉ်တွေကို ကြည့်ရင် အန်စီအေ လမ်းကြောင်းအတိုင်းမသွားဘူးလို့လည်းသုံးသပ် ပြောပါတယ်။

“အန်စီအေအရ နိုင်ငံရေးဆိုင်ရာမူဘောင်ကို အတည်ပြုရမယ်။ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲပြီးမှာ ပြည်ထောင်စုအဆင့်သွားရမယ်။ ဒါပေမယ့်ဒီ process အရ အမျိုးသား နိုင်ငံရေးအဆင့်ဆွေးနွေးပွဲကို အားလုံးက မလုပ်နိုင်ဘူး။ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေတောင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲခွင့် အားလုံးမရကြဘူး။ ဒါပေမယ့် ပြည်ထောင်စုအဆင့်ကို တက်သွားကြတယ်။ ဒါကြောင့် အသံတွေက မစုံလင်ဘူး။ နောက်တခု ဆုံးဖြတ်ချက်တွေမှာလည်း ရှင်းလင်းတဲ့ ဆုံးဖြတ်ချက်တွေ မချမှတ်နိုင်ဘူး။ ”

ဒါ့ကြောင့်ဒီတိုင်းသာ ဆက်ပြီးသွားမယ်ဆိုရင် ရှေ့ဆက်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဆောင်ရွက်ဖို့ အခက်အခဲများစွာ ရှိလိမ့်မယ်လို့လည်းယူဆကြောင်းထုတ်ပြန်ထားပါတယ်။

ဒ့ါအပြင်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ချမှတ်ထားတဲ့အတိုင်း ၆ လတကြိမ် ကျင်းပမယ်ဆိုရင် လိုချင်တဲ့ပန်းတိုင်ရောက်မှာမဟုတ်ကြောင်းလည်း ပဒိုနော်စီဖိုးရာစိန်က ပြောပါတယ်။

၂၁ရာစုပင်လုံညီလာခံ ဒုတိယအကြိမ်အစည်းအဝေးကို ပြီးခဲ့တဲ့မေ ၂၄ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ နေပြည်တော်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013