DVB Logo
Home
မြန်မာသတင်း
ကျွမ်းကျင်လုပ်သားတွေအတွက် “စံ”သတ်မှတ်နိုင်ဖို့ နားလည်မှု စာချွန်လွှာ ရေးထိုး
DVB
·
June 8, 2017
ကျွမ်းကျင်လုပ်သားတွေအတွက် “စံ”သတ်မှတ်နိုင်ဖို့ နားလည်မှု စာချွန်လွှာ ရေးထိုး
Donate to DVB

 

ကျွမ်းကျင်မှုဆိုင်ရာ သက်မွေးလုပ်ငန်းကဏ္ဍတွေမှာ အရည်အသွေးအာမခံချက် မူဘောင် တည်ထောင်နိုင်ဖို့အတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အဲဒီစာချွန်လွှာကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနဲ့ စင်ကာပူ ပိုလီတက္ကနစ်၊ တီးမားဆက်ဖောင်ဒေးရှင်းတို့က ဇွန်လ ၈ ရက်နေ့က နေပြည်တော်မှာရှိတဲ့ မင်္ဂလာသီရိဟိုတယ်မှာ ရေးထိုးခဲ့ကြတာပါ။

“ကျနော်တို့ စံ သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ NSSA က ရေးဆွဲထားတဲ့ ကျွမ်းကျင်မှုစံတွေနဲ့အညီ စစ်ဆေးအကဲဖြတ်ပြီး ထုတ်ပေးလျက်ရှိတဲ့ အမျိုးသားအဆင့် ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်များကို အာဆီယံမှတဆင့် နိုင်ငံတကာနဲ့ အပြန်အလှန် အသိအမှတ်ပြုနိုင်ရန်နဲ့ အရည်အသွေးအားမခံချက်ရှိတဲ့ လုပ်ငန်းခွင်အထောက်အကူပြု သင်တန်းများ ပေးနိုင်ရန်အတွက် NSSA အနေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနများ ပုဂ္ဂလိက အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လည်း အရေးကြီးပါတယ်”လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောတာပါ။

“စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့က ထုတ်ပေးတဲ့ အောင်လက်မှတ်တွေဟာဆိုရင် တာဝန် ထမ်းဆောင်နေတဲ့ စက်ရုံ အလုပ်ရုံတွေကနေတဆင့် စီးပွားရေးနယ်ပယ်အသီးသီးမှ ကျွမ်းကျင် အလုပ်သမားတွေ အလုပ်သမား ခေါင်းဆောင်တွေအဖြစ် တာဝန်ထမ်းဆောင်နိုင်မှာ ဖြစ်တယ်လို့ ဦးသိန်းဆွေက ပြောပါတယ်။

NSSA ရဲ့ အဓိက လုပ်ငန်းတာဝန်အနေနဲ့ အလုပ်အကိုင်အလိုက် ကျွမ်းကျင် “စံ” နဲ့ သင်ရိုးညွှန်းတမ်းတွေ ရေးဆွဲသတ်မှတ်မှု၊ သင်တန်းကျောင်းတွေ မှတ်ပုံတင်မှု၊ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာနတွေ၊ လေ့ကျင့်နည်းပြတွေနဲ့ စစ်ဆေးရေးမှူးတွေကို အသိအမှတ်ပြုမှုတွေကို ဆောင်ရွက်နေတာပါ။

အဲဒါတွေအပြင် ကျွမ်းကျင်စစ်ဆေးမှု အကဲဖြတ်ရေးနဲ့ အသိအမှတ်ပြုရေး လုပ်ငန်းစဉ်တွေကို စောင့်ကြည့်အကဲဖြတ်တာတွေ၊ လုပ်ငန်းတွင်း လေ့ကျင့်သင်ကြားရေးနဲ့ အလုပ်သင်တွေအတွက် စည်မျဉ်းစည်းကမ်းတွေ ချမှတ်နိုင်ဖို့အတွက် အထောက်အကူရရှိစေဖို့ လုပ်ဆောင်တာ ဖြစ်တယ်လို့ သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013