DVB Logo
Home
Lead Story
စစ်လေယာဉ်ပျက်ကယ်ဆယ်ရေးအခြေအနေ လောင်းလုံလွှတ်တော်အမတ်နှင့် မေးမြန်းချက်
DVB
·
June 8, 2017
စစ်လေယာဉ်ပျက်ကယ်ဆယ်ရေးအခြေအနေ လောင်းလုံလွှတ်တော်အမတ်နှင့် မေးမြန်းချက်
Donate to DVB

 

ထားဝယ်ကမ်းရိုးတမ်းမှာ ပျောက်ဆုံးသွားတဲ့  Y-8 တပ်မတော်လေယာဉ်ကို စစ်ရေယာဉ်တွေနဲ့  ဒေသခံငါးဖမ်းစက်လှေတွေ ပူးပေါင်း ရှာဖွေကယ်ဆယ်နေရာမှာ အခင်းဖြစ်ပွားရာ လောင်းလုံမြို့နယ်ဘက်က ကူညီကယ်မှု နောက်ဆုံး အခြေအနေနဲ့ပတ်သက်ပြီး လောင်းလုံမြို့နယ် အမှတ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ထွေးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မနေ့ကဖြစ်တဲ့ တပ်မတော် လေယာဉ်မတော်တဆမှုနဲ့ပတ်သက်လို့  နောက်ဆုံးအခြေအနေလေး သိသလောက် ပြောပြပေးပါဦး။

“ကျနော်တို့ လောင်းလုံမြို့နယ်ထဲမှာဖြစ်တယ်လို့သိတဲ့အတွက် လောင်းလုံမြို့နယ်ထဲကို တကယ်လို့များ အလောင်းတို့ ဘာတို့သယ်မယ်ဆိုရင် ကျနော်တို့ အဆင်သင့်ဖြစ်အောင်တော့ ပင်လယ် ထွက်ပေါက်တွေအကုန်လုံးမှာ ကျနော်တို့ လူနာတင်ယာဉ်တွေနဲ့ လူမှုကူညီရေးအဖွဲ့တွေနဲ့ ကျနော်တို့ အဆင်သင့်စောင့်နေတယ်။ အဲဒီအနေအထားပဲ ရှိပါတယ်လို့။

လာစောင့်တဲ့နေရာမှာ လေယာဉ်ပေါ်ပါသွားသူတွေရဲ့ မိသားစုတွေလာရောက် စောင့်ဆိုင်းတာမျိုး တွေ ရှိလား။

“သူတို့မိသားစုဆိုတာမျိုးတော့ မရှိဘူး။ ကျနော်တို့ တာဝန်ရှိတယ်လို့ယူဆရတဲ့ လူထုအခြေပြု အဖွဲ့တွေရှိမယ်၊ ပြီးတော့ တာဝန်ရှိတဲ့အဖွဲ့တွေရှိမယ်။ အဲလောက်ပဲ။ ပြီးရင် လူနာတင်ယာဉ် အဖွဲ့တွေရှိတယ်ဗျာ။ ကြက်ခြေနီတွေအဆင်သင့်ရှိနေတယ်။ အဲလောက်ပဲ။”

အခုချိန်ထိ အလောင်းတွေ ကမ်းခြေကို ရောက်လာတာရှိလား။

“လောလောဆယ်အထိမရောက်သေးဘူး။ ဒါပေမယ့် သတင်းအရ အချိန်နဲ့အမျှ အပြောင်းအလဲရှိတော့ လာနိုင်ခြေရှိတယ်၊ ရောက်နိုင်ခြေရှိတယ်ဆိုတဲ့ နေရာမှန်သမျှတော့ ကျနော်တို့ စောင့်နေကြတယ်။ လောင်းလုံမြို့နယ်မှာ လောလောဆယ် ကျနော်တို့ ၂ နေရာ စခန်းချပြီးတော့ စောင့်နေတယ်။

လောင်းလုံမြို့နယ်ရဲ့ ဘယ်နေရာတွေမှာ အဓိက စောင့်နေတာလဲ။

“ပထမ သတင်းဖြစ်တာက ကျောက်နီမော် ပတ်ဝန်းကျင်မှာရှိတဲ့ မြင်းခွာအုံ ကမ်းခြေဆိုပြီးတော့ အဲဒီဘက်ဝင်မယ်လို့ပြောတာကိုး ဆိုတော့ အဲဒီမှာလည်း ကျနော်တို့ စောင့်နေတယ်။ အဲဒါကတော့ လောင်းလုံမြို့နယ်ဆိုလို့ရှိရင် ၂၈ မိုင်လောက်ဝေးပြီးတော့ ထားဝယ်မြို့နဲ့ဆိုရင် မိုင် ၅၀ လောက်ဝေးတဲ့နေရာပေါ့။ အဲဒီနေရာမှာ တချက်စောင့်နေတယ်။ နောက်တခုက နေ့ခင်းပိုင်းမှာ သတင်းတခု ထပ်ရောက်လာတာက လောင်းလုံမြို့နယ်ရဲ့ မိုင် ၂၀ အကွာလို့ပြောတဲ့အတွက် ကျနော်တို့ လောင်းလုံမြို့နဲ့ ၃ မိုင်၊ထားဝယ်နဲ့ဆို ၁၅ မိုင်လောက်ဝေးတဲ့ စမ်းလှမ်းဆိုတဲ့ ရွာမှာလည်း ကျနော်တို့စောင့်နေတယ်။ အခုန ၂ နာရီလောက် ကျနော်တို့ အဆက်အသွယ်အရ ခန်းမှန်း ၄ နာရီလောက် စမ်းလှမ်း ကိုရောက်မယ်လို့ မှန်းပါတယ်ဆို ပြီးတော့အဆက်အသွယ်တချက်ရလိုက်တယ်။ ပြီးတော့ အဆက်အသွယ်ပြန်ပြတ်သွားတယ်။ နောက်ဆုံး ကျနော်ကြားတဲ့သတင်းအရ တပ်မတော်ကနေပြီး ဟတ်စကီးနဲ့ပဲ သွားသယ်မယ်ဆိုပြီး ထပ်ရတော့ အကုန်လုံးက မှန်းဆပြီး ပြောနေရတဲ့အနေအထားပဲ ရှိပါတယ်ခင်ဗျာ။ ဒါပေမယ့် ဘယ်အပေါက်ပဲဝင်ဝင် ကျနော်တို့ အဆင်သင့်ရှိနေပါတယ်။  ”

နောက်ဆုံး လေယာဉ်ပျက်ကနေ ရုပ်အလောင်းတွေ ဘယ်နှလောင်းလောက်ရှာတွေ့ပြီလို့ သိထားလဲ။

“အဲဒါလည်းတိတိကျကျတော့ ကျနော်တို့မပြောနိုင်ဘူး။ မီဒီယာတွေမှာ ရှိနေတဲ့ သတင်းလောက်ပဲ ပေါ့နော်။ အဲဒီသတင်းအရဆိုလို့ရှိရင်တော့ သူတို့သွားဆယ်နေတဲ့ သင်္ဘောတွေပေါ်မှာပဲ ရှိနေသေးတယ်ပေါ့။”

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013