DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်၊ တနိုင်းဒေသမှော်များမှ လူများတိမ်းရှောင်နေဆဲ
DVB
·
June 8, 2017
ကချင်ပြည်နယ်၊ တနိုင်းဒေသမှော်များမှ လူများတိမ်းရှောင်နေဆဲ
1 / 6
Donate to DVB

 

ကချင်ပြည်နယ်၊ တနိုင်းဒေသမှာ တရားမဝင်ရွှေနဲ့ ပယင်းမှော်တွေကနေ ထွက်ခွာဖို့ တပ်မတော် က သတိပေးစာတွေ ဖြန့်ဝေခဲ့တဲ့နောက် လူတွေ နေ့စဉ်နဲ့အမျှ ထွက်ခွာလာနေကြပေမယ့် ခရီးသွားလာရေး အခက်အခဲတွေ ရှိနေတယ် လို့ ဒေသခံတွေက ပြောပါတယ်။

“မြို့ပေါ်မှာ လူတွေ ပြည့်နေတာပေါ့။ အခုလည်း ဝင်လာနေတုန်းပဲ။ ငွေရှိတဲ့သူတွေကတော့ တည်းခိုခန်းတွေမှာ တည်းကြတယ်။ မိတ်ဆွေရှိသူတွေကတော့ အိမ်တွေမှာ လိုက်တည်းကြ တယ်။ မတတ်နိုင်သူတွေအတွက်ကတော့ ခရစ်ယာန်ဘုရားကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ တည်းဖို့ စီစဉ် ပေးထားတယ်”လို့ တနိုင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဇော်တန်က ပြော ပါတယ်။

တနိုင်းကနေ တခြားမြို့တွေကို ပြေးဆွဲနေတဲ့ ကားလိုင်းတွေလည်း ညဘက်မှာ မပြေးဆွဲရတာကြောင့် ခရီးသည်နဲ့ ကားအခေါက်ရေ မမျှတဘူးဖြစ်နေတယ်လို့ သိရပါတယ်။

“မှော်တွေထဲက ထွက်လာဖို့ စက်လှေမရှိဘူးဖြစ်နေတယ်။ ကုန်းလမ်းကလည်း အဆင်မပြေဘူး။ အဲဒါကြောင့် ထွက်လို့ မရတဲ့သူတွေအများကြီးရှိနေတယ်” လို့ ထွက်ခွာတဲ့သူတွေကို အကူအညီ ပေးနေတဲ့ နန့်ခမ်းရွာ နှစ်ခြင်းအသင်းတော်က ဓမ္မဆရာ ဦးဇော်ထွန်းက ပြောပါတယ်။

မှော်တွေကထွက်ဖို့အတွက် ရေလမ်းကိုပဲ အဓိက အားထားရပြီး အရင်ကလို အသွားအပြန် မပြေး ဆွဲတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“သွားတဲ့ စက်လှေတွေကလည်း လူတွေကိုပဲ အဓိက ထားသယ်နေရတော့ မှော်ထဲမှာ ပစ္စည်းတွေ ထားခဲ့ရတယ်။ စားနပ်ရိက္ခာတွေ၊ လုပ်ငန်းသုံး ပစ္စည်းတွေဆို မသယ်နိုင်ကြဘူး။ ခုဆိုရင် လူတွေတောင် အဆင့်ဆင့် ပြန်နေရတာ” လို့ ဇီးဖြူကုန်းမှော်က ကိုအိုက်ထွန်းက ပြောပါတယ်။

တနိုင်းမြို့နယ်အတွင်းက ထန်းပလားမှော်၊ ဝမ်းပလားမှော်၊ အောင်လွတ်မှော်၊ တုံမဏီမှော်၊ ချောင်းဆုံ မှော်၊ နန်ဗြူမှော်၊ ဂျာအောင်ဘာမှော်၊ ဇီဖြူကုန်းမှော်၊ ညောင်ပင်ကုန်းမှော်နဲ့ နန့်ကွမ်း မှော်တွေဟာ တရားဝင်မှော်တွေ မဟုတ်တာကြောင့် ထွက်ခွာသွားကြဖို့နဲ့ ဇွန် ၁၅ ရက်နောက်ပိုင်း နယ်မြေ ရှင်းလင်းရေး ပြုလုပ်မယ်လို့ တပ်မတော်က စာတွေ ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013