DVB Logo
Home
မြန်မာသတင်း
အမှိုက်ပြဿနာ ဘယ်လို အဖြေရှာမလဲ ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲပြုလုပ်
DVB
·
June 8, 2017
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အုတ်ကန်တောရကျောင်းတိုက်မှာ မုံရွာမြို့ရဲ့ အမှိုက်ပြဿနာနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲတခုကို ဇွန် ၈ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို မုံရွာဂေဇက်ဂျာနယ်က စီစဉ်ဆောင်ရွက်တာ ဖြစ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်၊ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ဥက္ကဋ္ဌဟောင်း ရဲဘော် ထွန်းအောင်ကျော်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မျိုးဝင်းနှင့် အရပ်ဘက်အဖွဲ့အစည်းများ စိတ်ဝင်စားသူများ တက်ရောက်ခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ ABSDF ဥက္ကဋ္ဌဟောင်း ရဲဘော်ထွန်းအောင်ကျော်က အာရှနိုင်ငံအချို့ရဲ့ အောင်မြင်နေတဲ့ အမှိုက်စွန့်ပစ်မှုစနစ်နဲ့ အမှိုက်မှတဆင့် စွမ်းအင်ထုတ်ယူမှု၊ မြေဩဇာ ပြုလုပ်မှုအကြောင်းတွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။

လက်ရှိ မုံရွာမြို့မှာ တရက်ကို အမှိုက်တန်ချိန် ၁၀၀ ဝန်းကျင်ထွက်ရှိနေပြီး စည်ပင်သာယာရေးကော်မတီကတော့ ယာဉ်ယန္တရား၊ လူအင်အားတိုးချဲ့ပြီး ဖြေရှင်းဆောင်ရွက်နေ ပါတယ်။

အမှိုက်စွန့်ပစ်ရာ နေရာအတွက် နေရာတွေ သတ်မှတ်ထားပေမယ့် အနီးပတ်ဝန်းကျင်မှာ နေထိုင်သူတွေရဲ့ ကန့်ကွက်မှုတွေကြောင့် အမှိုက်စွန့်ပစ်ဖို့ အခက်အခဲတွေ ရှိနေပါတယ်။

မုံရွာမြို့ရဲ့ အမှိုက်ကိစ္စက အစိုးရအဖွဲ့ကို ခေါင်းခြောက်စေတယ်လို့လည်း ဝန်ကြီးချုပ်က မီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့မေလအတွင်းကလည်း မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်မှာ အမှိုက်ပုံ မီးလောင်လို့ လေထုညစ်ညမ်းမှုတွေ ဖြစ်ပေါ်ခဲ့ပြီး တပတ်ကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရသေးတာ ဖြစ်ပါတယ်။

မြို့နယ်စည်ပင်ဥက္ကဋ္ဌကတော့ အမှိုက်ပြဿနာဖြေရှင်းနိုင်ဖို့ နည်းပညာကုမ္ပဏီတွေနဲ့ တွေ့ဆုံညှိနှိုင်းတာတွေ ပြုလုပ်နေပြီး အရင်ကထက် ပြည်သူတွေ ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့လည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

အမှိုက်ပြဿနာကို ဖြေရှင်းဖို့ အများကြီး ကြိုးစားရဦးမှာ ဖြစ်သလို ပြည်သူတွေ အနေနဲ့လည်း စည်းကမ်းတကျ အမှိုက်ပစ်တတ်ဖို့၊ ပျက်စီးဆွေးမြည့်လွယ်တဲ့ အမှိုက်နဲ့ မပျက်စီးလွယ်တဲ့ အမှိုက် ခွဲခြားတတ်ဖို့တွေလည်း လုပ်ဆောင်ဖို့ များစွာ လိုအပ်ပါသေးတယ်လို့ တက်ရောက်လာသူတွေကလည်း ပြောဆိုတာတွေ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013